Main menu

မြောင်းမြခရိုင်၊ မော်ကျွန်းမြို့နယ်သို့ ရန်ကုန်မြို့ရှိ စားအုန်းဆီကုမ္ပဏီများမှ ဆီကားများရောက်ရှိလာမှုအပေါ် ကွင်းဆင်းစစ်ဆေး

Powered by Drupal

       ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မြောင်းမြခရိုင်၊ မော်ကျွန်းမြို့နယ်တာဝန်ခံ ဦးမင်းဇော်လတ်နှင့်ဝန်ထမ်းများသည် (၂၅-၉-၂၀၂၄)ရက်နေ့၊ နေ့လယ်(၃:၁၅)နာရီအချိန်တွင် မော်ကျွန်းမြို့နယ်ရှိ ဆီကိုယ်စားလှယ်များထံသို့ ရန်ကုန်မြို့ရှိ စားအုန်းဆီကုမ္ပဏီများမှ တော်ဝင်ဧကရာဇ်ကုမ္ပဏီ၏ (ယာဉ်အမှတ် 8G-3069)မော်တော်ယာဉ်ဖြင့် စားအုန်းဆီ (၃၇)ပေပါ (သို့) ပိဿာ၄၀၇၀သည် မော်ကျွန်းမြို့သို့ရောက်ရှိလာခဲ့ကြောင်းသိရှိရပါသည်။

        အဆိုပါစားအုန်းဆီများကို မြောင်းမြခရိုင်၊ မော်ကျွန်းမြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံက သွားရောက်စစ်ဆေးခဲ့ပြီး ရောက်ရှိလာသောစားအုန်းဆီများကို ရည်ညွှန်းဈေး၊ သယ်ယူပို့ဆောင်ကုန်ကျစရိတ်နှင့် ၂% အမြတ်တို့ဖြင့် လက်လီ/လက္ကားဆိုင်များသို့ ခွဲဝေရောင်းချပေးသွားမည်ဖြစ်ကြောင်း၊ လက်လီ/လက္ကားဆိုင်များမှ စားသုံးသူပြည်သူများသို့ ၂% အမြတ်ဖြင့် ပြန်လည်ရောင်းချပေးသွားမည်ဖြစ်ကြောင်း စားအုန်းဆီခွဲတမ်းရရှိသော ကိုယ်စားလှယ်များထံမှသိရှိရပါသည်။

DOCA(ရန်ကုန်)