အီရန်အစိုးရသည် နိုင်ငံ၏ ဝင်ငွေရင်းမြစ်များကိုကွဲပြားစေရန် ကြိုးပမ်းနေချိန်တွင် ဧပြီမှအစပြု၍ ဩဂုတ်လအထိ ငါးလဆက်တိုက် ရေထွက်ကုန်ပစ္စည်းများတင်ပို့မှုတွင် ကြီးမားသော တိုးတက်မှုများကိုတွေ့မြင်ခဲ့ရသည်။
ဩဂုတ်လ ၂၁ရက်နေ့အထိ ငါးလတာကာလအတွင်း အီရန်နိုင်ငံ၏ ရေထွက်ကုန်တင်ပို့မှုသည် မတ်ထရစ်တန်ချိန် ၁၁၉၀၀၀ (အမေရိကန်ဒေါ်လာ ၁၈၇သန်း) နီးပါးရှိခဲ့ကြောင်း အီရန်ငါးဖမ်းအဖွဲ့အကြီးအကဲက စက်တင်ဘာလ ၂၉ရက်နေ့တွင် ပြောကြားခဲ့သည်။ အီရန်နိုင်ငံအကောက်ခွန်ရုံးမှ ကိန်းဂဏန်းများကိုကိုးကား၍ Seyyed Hossein Hosseini က နိုင်ငံ၏ ရေထွက်ကုန်တင်ပို့မှုသည် ၂၀၂၃ခုနှစ်၏ ဧပြီလမှ ဩဂုတ်လအတွင်း တင်ပို့မှုနှင့်နှိုင်းယှဉ်ပါက ပမာဏအားဖြင့် ၄၃% တိုးလာပြီး တန်ဖိုးအားဖြင့် ၃၃% တိုးလာကြောင်းပြောကြားခဲ့သည်။ အဏ္ဏဝါငါးတင်ပို့မှုတွင် အီရန်အကောက်ခွန်မှ မှတ်ပုံတင်ထားသော တင်ပို့မှု၏ ၄၀.၇%ခန့်သည် ဩဂုတ်လနှောင်းပိုင်းအထိတင်ပို့မှုဖြစ်ပြီး ၎င်း၏နောက်တွင် စီးပွားဖြစ်ငါးစာ ၂၁.၄%နှင့် ပုစွန် ၁၇.၁% တို့တင်ပို့ခဲ့ကြောင်းသိရသည်။ ငါးကြင်းနှင့် ထရောက်ရေချိုငါးများတင်ပို့မှုသည် ၉၆၅၁ MT နှင့် ၅၇၁၁ MT အသီးသီးရှိပြီး ကာဗီယာငါးတင်ပို့မှုမှာလည်း ၂၃၂၈ကီလိုဂရမ်အထိတိုးလာခဲ့ကြောင်းသိရသည်။ အီရန်၏ ငါးဖမ်းလုပ်ငန်းတွင် လိုအပ်သောထုတ်ကုန်များနှင့် ပါဝင်ပစ္စည်းများတင်သွင်းမှုသည်လည်း အမေရိကန်ဒေါ်လာ ၆၁သန်းနီးပါးရှိကြောင်း တာဝန်ရှိသူများက ပြောကြားခဲ့သည်။
အစီရင်ခံစာများအရ အီရန်နိုင်ငံသည် လွန်ခဲ့သည့်နှစ်အနည်းငယ်အတွင်း စိုက်ပျိုးရေးပို့ကုန်များတင်ပို့မှုမှ ဒေါ်လာဘီလီယံပေါင်းများစွာရရှိခဲ့သည်။ အီရန်နိုင်ငံအတွင်း၌ ငါး၊ ပုစွန်လုပ်ငန်းများ တွင်ကျယ်စွာလုပ်ကိုင်လာကြခြင်းကြောင့် နိုင်ငံအတွင်း၌ ပင်လယ်စာစားသုံးမှုများလည်းတိုးမြင့်လာကာ အစိုးရမှ နိုင်ငံအတွင်းသို့ အသားများတင်သွင်းမှုကိုလည်း လျှော့ချနိုင်ခဲ့ကြောင်းသိရပါသည်။
Source : presstv.ir
DOCA(ရန်ကုန်)