စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးသည် လုပ်ငန်းများဖွံ့ဖြိုးတိုးတက်စေရန်ရည်ရွယ်၍ ၃၀-၉-၂၀၂၄) ရက်နေ့တွင် တာမွေမြို့နယ်၊ အမှတ် (၃၆၁) ဗညားဒလလမ်း၊ နတ်မောက်ရပ်ကွက်အတွင်းရှိ အသေးစား၊ အငယ်စား၊ အလတ်စား စီးပွားရေးလုပ်ငန်းရှင်ဖြစ်သည့် Besta Nail -Art Studio MSME လုပ်ငန်းသို့ ပြည်တွင်းအခွန်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်ရဲတပ်ဖွဲ့၊ စက်မှုကြီးကြပ်နှင့် စစ်ဆေးရေးဦးစီးဌာန၊ မြန်မာ့စီးပွားရေးဘဏ်၊ စားသုံးသူရေးရာဦးစီးဌာန၊ အရှေ့ပိုင်းခရိုင်မှူး ဦးလှစိုးအပါအဝင် စသည့်အဖွဲ့ဝင်များက ကွင်းဆင်းဆောင်ရွက်ခဲ့ကြကြောင်းသိရှိရပါသည်။
ထို့ဆောင်ရွက်ရာတွင် အသေးစားကုန်ထုတ်လုပ်ငန်းများဖန်တီးပေးနိုင်ရေး၊ မိသားစုဝင်များ ဝင်ငွေတိုးတက်စေရေးအတွက် တန်ဖိုးမြှင့်ထုတ်ကုန်လုပ်ငန်းများဖန်တီပေးနိုင်ရေးနှင့် တန်ဖိုးမြှင့်ထုတ်ကုန်များ ထုတ်လုပ်ဖြန့်ဖြူးရောင်းချရာတွင် သက်ဆိုင်ရာအဖွဲ့အစည်းများ၏ထောက်ခံချက်များကို ပြည့်စုံစွာဖော်ပြရန်နှင့် စားသုံးကာကွယ်ရေးဥပဒေတွင် ဖော်ပြပါရှိရမည့် စီးပွားရေးလုပ်ငန်းရှင်များလိုက်နာဆောင်ရွက်ရမည့် လုပ်ငန်းတာဝန်များကို သိရှိလိုက်နာဆောင်ရွက်ရန်တို့အတွက် အသိပညာပေးခြင်းများဆောင်ရွက်ခဲ့ကြောင်းသိရှိရပါသည်။
DOCA(ရန်ကုန်)