Main menu

ဖိလစ်ပိုင်နိုင်ငံ၏ ပထမဆုံး EV ဘတ်ထရီစက်ရုံအား ဖိလစ်ပိုင်သမ္မတ ဖာဒီနန်မားကိုစ့် တက်ရောက်ဖွင့်လှစ်ခဲ့

Powered by Drupal

       ဖိလစ်ပိုင်သမ္မတ ဖာဒီနန်မာကို့သည် စက်တင်ဘာ ၃၀ ရက်နေ့(တနင်္လာနေ့) တွင် စတင်ဖွင့်လှစ်ခဲ့သော EV လျှပ်စစ်ကားဘတ်ထရီစက်ရုံအား သန့်ရှင်သောစွမ်းအင်၏ အနာဂတ်ဟုခေါ်ဆိုခဲ့သည်။

         ဩစတြေးလျပိုင် ဖိလစ်ပိုင်အခြေစိုက် EV ဘတ်ထရီစက်ရုံသည် လျှပ်စစ်ကားအစီးရေ  ၁၈၀၀၀ ခန့် သို့မဟုတ် အိမ်သုံးဘတ်ထရီစနစ် သန်းတစ်ဝက်နီးပါးကိုပါဖြည့်သွင်းပေးနိုင်သော၊ တစ်နာရီလျှင် ၂ဂစ်ဂါဝပ်ထုတ်လုပ်နိုင်သော ဘတ်ထရီများအား နှစ်စဉ်ထုတ်လုပ်နိုင်ရန် ရည်ရွယ်ထားသည်။ ၎င်းနည်းပညာအား ဖိလစ်ပိုင်နိုင်ငံအတွင်းသို့ ယူဆောင်လာနိုင်ရန်အတွက် များစွာကြိုပမ်းခဲ့ရကြောင်း၊ ၎င်းစက်ရုံသည် ဖိလစ်ပိုင်နိုင်ငံစွမ်းအင်ကဏ္ဍအတွက် အနာဂတ်ဖြစ်ကြောင်း မားကို့က တိုက်ရိုက်ထုတ်လွှင့်သည့် မိန့်ခွန်းတွင်ပြောကြားခဲ့သည်။ မနီလာမြို့မြောက်ဘက် New Clark တွင်တည်ရှိသော Stb Giga Factory Inc သည် ဒေသတွင်းအလုပ်အကိုင်ပေါင်း ၂၅၀၀ နှင့် နှစ်စဉ် ၅ဘီလီယံပီဆို (အမေရိကန်ဒေါ်လာ ၈၉.၂သန်း) နိုင်ငံ၏စီးပွားရေးအတွင်းသို့ရောက်ရှိလာစေရန် စွမ်းဆောင်ပေးနိုင်မည်ဖြစ်ကြောင်း မားကိုစ့်က ပြောကြားခဲ့သည်။ ရင်းနှီးမြှုပ်နှံမှုများသည် နိုင်ငံ၏ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်အဖြစ် အသွင်ကူးပြောင်းရန် အစိုးရ၏ကြိုးပမ်းအားထုတ်မှုများနှင့်ကိုက်ညီပြီး မနီလာအား နိုင်ငံအတွင်းရှိ ပြည့်ဖြိုးမြဲစွမ်းအင်ဆိုင်ရာစက်ရုံများတွင် ရင်းနှီးမြှုပ်နှံသူများကို ပိုမိုဆွဲဆောင်နိုင်စေရန် ကူညီပေးမည်ဖြစ်ကြောင်း မားကိုစ့်က ဆက်လက်ပြောကြားခဲ့သည်။

Source : news.abs-cbn.com

DOCA(ရန်ကုန်)