Main menu

သရက်ခရိုင်၌ နှံစားပြောင်းသီးနှံ စိုက်ပျိုးဖြစ်ထွန်းမှုနှင့် ဈေးနှုန်းဈေးကွက်

Powered by Drupal

       မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်၊ ကံတုပ်ကျေးရွာသည် နှမ်း၊ ပဲစဉ်းငုံနှင့် ကုလားပဲတို့ကို အဓိကစိုက်ပျိုးပြီး နှံစားပြောင်းသီးနှံကိုလည်း စီးပွားဖြစ်စိုက်ပျိုးကာ ၂၀၂၄ ခုနှစ်တွင် စိုက်ဧက ၄၆ ဧကခန့် စိုက်ပျိုးထားရှိကြောင်း သိရသည်။

     ဇူလိုင်လတွင် စတင်စိုက်ပျိုးကြပြီး နိုဝင်ဘာလဆန်းတွင် ရိတ်သိမ်းရကြောင်း၊ မျိုးစေ့အနေဖြင့် ထွက်တိုး(နီ)နှင့် ထွက်တိုး(ဖြူ)မျိုးတို့ဖြစ်ပြီး ထွက်တိုး(နီ)မျိုးများကို အများဆုံးစိုက်ပျိုးကြကြောင်း၊ ထွန်ကြောင်းဆွဲ၍ ကြဲပက်စနစ်ဖြင့် တစ်ဧကလျှင် မျိုးစေ့  ၁.၅ တင်းခန့်ကုန်ကျ၍ စုစုပေါင်း ကုန်ကျစရိတ်အနေဖြင့် ငွေကျပ် ၃၀၀၀၀၀ ခန့်ကုန်ကျကြောင်း၊ ယခင်နှစ်ကအထွက်နှုန်းအနေဖြင့် တစ်ဧကလျှင် ၃၅-၄၃ တင်းခန့် ထွက်ရှိပြီး ဈေးနှုန်းမှာ နှံစားပြောင်းပေါ်စအချိန်တွင် တစ်တင်းလျှင် ငွေကျပ် ၃၀၀၀၀-၃၄၀၀၀ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ပြီး အကျိုးအမြတ်အနေဖြင့် ငွေကျပ် ၇၀၀၀၀၀ ကျော်ရရှိကြောင်း သိရသည်။

     ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ (စတုတ္ထပတ်)တွင် နှံစားပြောင်း တစ်တင်းလျှင် ငွေကျပ် ၃၅၀၀၀-၃၈၀၀၀ ဖြင့် ဈေးနှုန်းမြင့်တက်ကာ အရောင်းအဝယ်ဖြစ်လျက်ရှိပြီး ဈေးကွက်အနေဖြင့် မင်းလှမြို့ပေါ်ရှိ ပွဲရုံများသို့ ရောင်းချပြီး မင်းဘူးမြို့နှင့် မကွေးမြို့များသို့လည်း တင်ပို့ရောင်းချကြောင်း၊  နှံစားပြောင်း သီးနှံစိုက်ပျိုးခြင်းဖြင့် တိရိစ္ဆာန်အစာအတွက်လည်း ဖူလုံမှုရှိပြီး ဝင်ငွေရရှိသည့် သီးနှံဖြစ်သောကြောင့် နှစ်စဉ် စိုက်ပျိုးလျက်ရှိကြောင်း သိရသည်။

DOCA(မကွေး)