Main menu

အထက်မင်းလှမြို့နယ်၌ ကြက်သွန်နီ(ဇော်မွှားဥစိုက်)များစတင်စိုက်ပျိုးလျက်ရှိ

Powered by Drupal

     မကွေးတိုင်းဒေသကြီး၊ အထက်မင်းလှမြို့နယ်၊ ကုန်းကြီးကျေးရွာအုပ်စုရှိ ဂျင်ရဲမြောင်(စံပြ) ကျေးရွာသည် မြေပဲ၊ ကုလားပဲ၊ ကြက်သွန်နီ၊ ဝါ၊ နှမ်း၊ ပဲစဉ်းငုံ စသောသီးနှံများကို ရာသီအလိုက် စိုက်ပျိုးလျက်ရှိပြီး ၂၀၂၄ခုနှစ်၊ စက်တင်ဘာလ(စတုတ္ထပတ်)တွင် ကြက်သွန်နီ စိုက်ဧက(၄၀)ဧက ခန့်အား  တောင်သူ(၅၀)ဦးမှ စတင်စိုက်ပျိုးလျက်ရှိကြောင်း သိရသည်။

    ဂျင်ရဲမြောင်(စံပြ)ကျေးရွာနေ တောင်သူ ဦးတင်ဇော်ဌေးက ၎င်းအနေဖြင့် ကြက်သွန်နီ(၈) ဧကခန့် စိုက်ပျိုးထားကြောင်း၊ (၁)ဧကလျှင် မျိုးဥအကြီး၊ အသေးအလိုက် ပိဿာချိန်(၃၅၀ မှ ၄၀၀) ကြား ကုန်ကျကြောင်း၊ မျိုးဥကို စလင်း၊ ပွင့်ဖြူမြို့တို့မှ (၁)ပိဿာလျှင် ကျပ်(၄၀၀၀)ဖြင့် ဝယ်ယူစိုက်ပျိုးကြသလို ယခင်နှစ်မျိုးလက်ကျန်ကို ပြန်လည်အသုံးပြု၍လည်း စိုက်ပျိုးကြကြောင်း၊ ၎င်း အနေဖြင့် ယခင်နှစ်မျိုးလက်ကျန်ဖြင့် ပြန်လည်စိုက်ပျိုးခြင်းဖြစ်ကြောင်း၊ (၁)ဧက စိုက်ပျိုးကုန်ကျစရိတ်အနေဖြင့် မျိုးဖိုး၊ လုပ်အားခ၊ မြေပြုပြင်ခနှင့် အခြားသွင်းအားစု စရိတ်အပါအဝင် ကျပ်သိန်း (၂၀)ခန့်ကုန်ကျကြောင်း၊ စိုက်ပျိုးပြီး ရက်ပေါင်း(၉၀)အကြာတွင် တူးဖော်ရပြီး ဈေးကွက်အနေဖြင့် ရန်ကုန်မြို့၊ ဘုရင့်နောင်ပွဲရုံသို့ တိုက်ရိုက်တင်ပို့ရောင်းချကြောင်း၊ ယခင်နှစ်က အထွက်နှုန်းအနေဖြင့် (၁)ဧကလျှင် ပိဿာချိန်(၃၀၀၀)ထွက်ရှိခဲ့ပြီး (၁)ပိဿာလျှင် ကျပ်(၃၈၀၀-၄၀၀၀)ဈေးနှုန်းရရှိခဲ့ပြီး အကျိုးအမြတ်အနေဖြင့် ကျပ်သိန်း(၁၀၀)ခန့်ရရှိခဲ့ကြောင်း သိရှိရပါသည်။

DOCA(မကွေး)