Main menu

စစ်ဆေးရေးအရာရှိများ လုပ်ငန်းကျွမ်းကျင်မှုဆိုင်ရာ သင်တန်း(မွမ်းမံ) ၁/၂၀၂၄ ဆင့်ပွား ကျင်းပပြုလုပ်

Powered by Drupal

    ၃၀.၉.၂၀၂၄ ရက်နေ့ နံနက် (၁၀:၀၀) နာရီအချိန်တွင် မွန်ပြည်နယ်၊ သထုံခရိုင်၊ စားသုံးသူရေးရာဦးစီးဌာန၊ သထုံခရိုင်ဦးစီးမှူးရုံး၌ သထုံခရိုင်ရုံးဝန်ထမ်းများအား စစ်ဆေးရေးအရာရှိများ လုပ်ငန်းကျွမ်းကျင်မှုဆိုင်ရာ သင်တန်း(မွမ်းမံ) ၁/၂၀၂၄ ကို ဆင့်ပွားကျင်းပ ပြုလုပ်ခဲ့ပါသည်။

    စစ်ဆေးရေးအရာရှိများ လုပ်ငန်းကျွမ်းကျင်မှုဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ(မွမ်းမံ) ၁/၂၀၂၄ တက်ရောက်ခဲ့သော ဦးစီးအရာရှိ ဦးအောင်ကျော်မင်းက စားသုံးသူကာကွယ်ရေးဥပဒေနှင့် နည်းဥပဒေများ၊ အွန်လိုင်းစနစ်ဖြင့်ရောင်းချခြင်းလုပ်ငန်းများနှင့် စပ်လျဉ်းသည့် အကြောင်းအရာများ၊ မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်များအကြောင်း၊ ကုန်သွယ်ရေး၊ မူပိုင်ခွင့်၊ အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေ၊ FDA၊ Labelling of Goods အကြောင်းအရာများနှင့် စားသုံးသူအခွင့်အရေး (၈) ချက်၊ စစ်ဆေးရေးအရာရှိများ၏ လုပ်ငန်းတာဝန် (၁၁) ချက်နှင့် ဝန်ထမ်းအပေါ်အကဲဖြတ်ချက် (၁၀) ချက်၏ အတိုကောက်မှတ်သားနည်းများအား ဆွေးနွေးပြောကြားပြီး ဒုတိယဦးစီးမှူး ဦးစည်သူမှ သတင်းအချက်အလက်နှင့် အရည်အသွေး စီမံခန့်ခွဲမှုဘာသာရပ်အား ဆွေးနွေးပြောကြားခဲ့ပါသည်။

     အဆိုပါသင်တန်းသို့ စားသုံးသူရေးရာဦးစီးဌာန၊ သထုံခရိုင်မှ သင်တန်းသား၊ သင်တန်းသူ (၉) ဦးတက်ရောက်ခဲ့ပါကြောင်း သိရပါသည်။

DOCA(မွန်)