![](http://www.doca.gov.mm/sites/default/files/styles/consumer_inner_image__847x424_/public/8.2_5.jpg?itok=B-fc1POd)
၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ ၃ ရက်နေ့၊ နေ့လယ် (၁၂:၀၀) အချိန်တွင် ထားဝယ်မြို့၊ အိမ်ရှေ့ပြင် ရပ်ကွက်၊ ရေးလမ်းရှိ ကောင်းဆက်ဟိန်းယာဥ်ရပ်နားစခန်းသို့ မြန်မာနိုင်ငံဆီကုန်သည်နှင့်ဆီလုပ်ငန်း ရှင်များအသင်း၏ စီစဥ်မှုဖြင့် Mahar Phone Let Yone ကုမ္ပဏီမှ တင်ပို့ရောင်းချသည့် စားအုန်းဆီ ၁ ပေပါ လျှင် ၁၁၀ ပိဿာ ပါ စားအုန်းဆီ ၆၀ ပေပါ ကို ယာဥ်မောင်း ဦးချစ်ကို၊ ယာဉ်အမှတ် 4B-9723 Nissan Diesel မော်တော်ယာဥ်ဖြင့် တင်ဆောင်၍ရောက်ရှိလာရာ တိုင်းဒေသကြီး စားသုံးသူရေးရာ ဦးစီးမှုး ဦးစိုးဦးနှင့် တာဝန်ရှိသူများက သွားရောက်စစ်ဆေးခဲ့ကြောင်း၊ အဆိုပါစားအုန်းဆီ ၆၀ ပေပါ အား ကုမ္ပဏီ၏ လက်ကားအရောင်းကိုယ်စားလှယ်မှတစ်ဆင့် ထားဝယ်မြို့၊ အနောက်ရပ်ရှိ ဦးစန်း အောင်၏ အောင်ပွဲရုံ ကုန်စုံဆိုင်အပါအဝင် လက်လီဆိုင် ၁၅ ဆိုင်မှတစ်ဆင့် သတ်မှတ်ရည်ညွှန်းစျေး အတိုင်း စားသုံးသူများအား ရောင်းချပေးသွားမည်ဖြစ်ကြောင်း သိရှိရပါသည်။
DOCA(တနင်္သာရီ)