Main menu

“ ကော့မှူးမြို့နယ်ရှိ မိုးစပါးစိုက်ပျိုးထားရှိမှုအခြေအနေအား ကွင်းဆင်းစစ်ဆေးခြင်း ”

Powered by Drupal

        ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကော့မှူးမြို့နယ်ရှိ မိုးစပါးလျာထားစိုက်ပျိုးထားသော မိုးစပါးဧကစုစုပေါင်း(၈၈၀၉၉)ဧကစိုက်ပျိုးပြီးစီးမှုအခြေအနေနှင့် စားသုံးသူပြည်သူများ၏ စားဝတ်နေရေးပြေလည်မှုကို ရှေးရှုလျက် အခြေခံစားသောက်ကုန်ဈေးနှုန်းများအပါအဝင် ကုန်ဈေးနှုန်းတည်ငြိမ်ရေးကို ထိန်းသိမ်းအကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသဖြင့် ဆန်စပါး အခြေခံစားသောက်ကုန်များပြတ်လပ်မှုမရှိစေရေးအတွက် ရန်ကုန်တိုင်းဒေသကြီးအတွင်း စိုက်ပျိုးထားရှိသည့် စပါးသီးနှံများ အထွက်နှုန်းကောင်းမွန်စေရန်နှင့် ပျက်စီးဆုံးရှုံးမှုရှိ/မရှိ မြေပြင်အခြေအနေတို့ကို ကွင်းဆင်းစိစစ်ပြီး ပြန်လည်တင်ပြရန် စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံး၏ညွှန်ကြားချက်အရ ကော့မှူးမြို့နယ်အတွင်းရှိ မိုးစပါးစိုက်ပျိုးထားသော ရပ်ကွက်၊ ကျေးရွာများသို့ သွားရောက်ကွင်းဆင်းစစ်ဆေးခဲ့ကြောင်းသိရသည်။

       ထိုသို့ကွင်းဆင်းစစ်ဆေးခဲ့ရာတွင် ကော့မှူးမြို့နယ်ရေမြေသဘာဝမှာ မိုးစပါးစိုက်ပျိုးဧကများသည့် ရေတော်မိုးတော်စိုက်ပျိုးမြေများဖြစ်ပြီး ကျေးရွာ၊ ရပ်ကွက်များရှိ တောင်သူများစိုက်ပျိုးထားသည့် မိုးစပါးများမှာ ရာသီဥတုဒဏ်ကြောင့် ရေကြီးနစ်မြုပ်ပျက်စီးမှုများမရှိကြောင်းနှင့် မိုးကျပျက်စီးမှုများမရှိကြောင်းနှင့် ယခုနှစ်စိုက်ပျိုးရာသီတွင် မိုးရွာသွန်းမှုကောင်းမွန်ခြင်းကြောင့် မိုးစပါးအထွက်နှုန်းကောင်းမွန်နိုင်ကြောင်းသိရှိရပါသည်။

DOCA(ရန်ကုန်)