ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ သုံးခွမြို့နယ်၌ စားသုံးသူပြည်သူများ နေ့စဉ်ဝယ်ယူစားသုံးလျက်ရှိသော အခြေခံစားသောက်ကုန်ပစ္စည်းများ၏ ဈေးနှုန်းများစာရင်းအား ကွင်းဆင်းကောက်ယူခြင်းလုပ်ငန်းကို အောက်တိုဘာလ(၁)ရက်နေ့၊ နံနက်(၀၉:၀၀)နာရီအချိန်တွင် စည်ပင်သာယာမြို့မဈေးအတွင်း/အပြင်နှင့် ရပ်ကွက်များတွင် အခြေခံစားသောက်ကုန်ပစ္စည်းဖြန့်ဖြူးရောင်းချလျက်ရှိသော ဈေးဆိုင်များသို့ သွားရောက်ကွင်းဆင်းစစ်ဆေးခဲ့ကြောင်းသိရသည်။
ထိုသို့ ဈေးကွက်အတွင်း ကွင်းဆင်းစစ်ဆေးစာရင်းကောက်ယူခဲ့ရာတွင် သုံးခွမြို့နယ်စည်ပင်သာယာအဖွဲ့မှ ဈေးတာဝန်ခံနှင့် စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံတို့သည် စည်ပင်သာယာမြို့မဈေးအတွင်း/အပြင်ရှိ အခြေခံစားသောက်ကုန်ပစ္စည်းများဝယ်ယူဖြန့်ဖြူးရောင်းချလျက်ရှိသော မဖြူဖွေ(ကျော်ဆန်ဆိုင်)၊ ဦးယဉ်မောင်လွင် ကုန်ခြောက်ဆိုင်၊ မတင်တင်ခိုင် ကြက်သားဆိုင်၊ ကိုသက်ဇော်ဖြိုး ဝက်သားဆိုင်၊ ဦးစိုးအောင် အမဲသားဆိုင်၊ ဦးနလဲယား ဆိတ်သားဆိုင်၊ မနန်းခိုင် ရေချို/ရေငံငါးအရောင်းဆိုင်၊ ဦမင်းစိုးသန်း ကြက်ဥ၊ ဘဲဥ လက်လီ/ လက်ကားအရောင်းဆိုင်၊ ဒေါ်သိန်းဝင်း(မွှေးမွှေးလေးငါးပိဆိုင်) တို့တွင် လက်ရှိအချိန် အောက်တိုဘာလ၏ ပထမအပတ်တွင် ဖြန့်ဖြူးရောင်းချလျက်ရှိသော အခြေခံစားသောက်ကုန်ပစ္စည်းများဈေးနှုန်းအခြေအနေတို့အား စာရင်းကောက်ယူခဲ့ကြောင်းသိရှိရပါသည်။
DOCA(ရန်ကုန်)