Main menu

“ ခရမ်းမြို့နယ်၌ ကုန်ဈေးနှုန်းကြီမြင့်မှုမရှိစေရေးတို့အတွက် အခြေခံစားသောက်ကုန်ပစ္စည်းများ၏ ဈေးနှုန်းစာရင်းကောက်ယူခြင်း ”

Powered by Drupal

         ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ခရမ်းမြို့နယ်၌ ကုန်ဈေးနှုန်းကြီးမြင့်မှုမရှိစေရေး၊ ကုန်ဈေးနှုန်းတည်ငြိမ်စေရေးတို့အတွက် စားသုံးသူပြည်သူများ နေ့စဉ်ဝယ်ယူစားသုံးလျက်ရှိသော အခြေခံစားသောက်ကုန်ပစ္စည်းများ၏ ဈေးနှုန်းများစာရင်းအား ကွင်းဆင်းကောက်ယူခြင်းလုပ်ငန်းကို အောက်တိုဘာလ(၂)ရက်နေ့၊ နံနက်(၀၈:၃၀)နာရီအချိန်တွင် စည်ပင်သာယာမြို့မဈေးအတွင်း/အပြင်နှင့် ရပ်ကွက်များတွင် အခြေခံစားသောက်ကုန်ပစ္စည်းဖြန့်ဖြူးရောင်းချလျက်ရှိသော ဈေးဆိုင်များသို့ သွားရောက်ကွင်းဆင်းစစ်ဆေးခဲ့ကြောင်းသိရသည်။

        ထိုသို့ ဈေးကွက်အတွင်း ကွင်းဆင်းစစ်ဆေးစာရင်းကောက်ယူခဲ့ရာတွင် ခရမ်းမြို့နယ်စည်ပင်သာယာအဖွဲ့မှ ဈေးတာဝန်ခံနှင့် စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံတို့သည် (၃)ရပ်ကွက်၊ ခရမ်းမြို့ရှိ ငြိမ်းချမ်းရေးဆန်စက်၊ (၂)ရပ်ကွက်၊ ခရမ်းမြို့နယ်စည်ပင်သာယာမြို့မဈေးရှိ ရွှေခြင်္သေ့ ဆန်ဆိုင်၊ ကရင်ကန် ဆန်ဆိုင်၊ ရွှေခြင်္သေ့ ကုန်စုံဆိုင်၊ ကြာနီတစ်ခိုင်၊ ဒေါ်မြသန်း ကုန်စုံဆိုင်၊ စန္ဒီနှင့်ညီမများ ကုန်ခြောက်ဆိုင်၊ ဦးဘော့စ်အောင် ကြက်သားဆိုင်၊ ဦးကျော်လွင် ကြက်သားဆိုင်၊ ဒေါ်တင်တင်လှ အမဲသားဆိုင်၊ ဦးကျော်မင်း၊ ဒေါ်အေးသီ ဆိတ်သားဆိုင်၊ ဒေါ်ခင်ဟန် ရေချိုရေငံငါးအရောင်းဆိုင်၊ ဒေါ်ဝေ+ကိုဇော် လက်လီ/ လက်ကား ကြက်ဥ၊ ဘဲဥအရောင်းဆိုင်၊ မခိုင် ငါးပိနှင့် ကုန်စိမ်းအရောင်းဆိုင်၊ ဒေါ်သင်းမြတ်မွန် ငါးခြောက်အရောင်းဆိုင်တို့တွင် လက်ရှိအချိန်တွင် ဖြန့်ဖြူးရောင်းချပေးလျက်ရှိသော အခြေခံစားသောက်ကုန်ပစ္စည်းဈေးနှုန်းစာရင်းများအား ကွင်းဆင်းကောက်ယူခဲ့ကြောင်းသိရှိရပါသည်။

DOCA(ရန်ကုန်)