Main menu

Online စနစ်ဖြင့် ရောင်းချခြင်းလုပ်ငန်းနှင့်စပ်လျဉ်း၍ Thursday Talk ကျင်းပ

Powered by Drupal

            ၂-၁၀-၂၀၂၄ ရက်နေ့ နံနက် (၁၀:၀၀)နာရီအချိန်တွင် အမှတ်(၂၇)၊ လှိုင်မြစ်လမ်း၊ ကွက်သစ်ရပ်ကွက်၊ အင်းစိန်မြို့နယ်ရှိ စားသုံးသူရေးရာဦးစီးဌာန၊ မြောက်ပိုင်းခရိုင်ဦးစီးမှူးရုံးအစည်းအဝေးခန်းမတွင် ကျင်းပခဲ့ပါသည်။

          ထိုသို့ကျင်းပခဲ့ရာတွင် ခရိုင်ဦးစီးမှူး ဦးအောင်တင်စိုးက Online စနစ်ဖြင့် ရောင်းချခြင်းလုပ်ငန်းမှတ်ပုံတင်လက်မှတ်လျှောက်ထားမှုနှင့်စပ်လျဉ်း၍ မြေပြင်စစ်ဆေးခြင်း၊ ကုန်စည်စစ်ဆေးခြင်း၊ ဝန်ဆောင်မှုစစ်ဆေးခြင်း၊ ကုန်စည်အမျိုးအစား၊ ဝန်ဆောင်မှုအမျိုးအစား၊ မှတ်ပုံတင်လက်မှတ်ရရှိသူ၏ တာဝန်ဖောက်ဖျက်မှုရှိ/မရှိ စောင့်ကြည့်စစ်ဆေးခြင်း၊ Online စနစ်ဖြင့် ရောင်းချခြင်းလုပ်ငန်းနှင့်စပ်လျဉ်း၍ စစ်ဆေးခြင်းလုပ်ငန်း၊ သက်ဆိုင်ရာဌာနသို့ အမှုတွဲလွှဲပြောင်းခြင်းနှင့် အရေးယူဆောင်ရွက်ခြင်းများကို အကျယ်တဝင့်ရှင်းလင်းပြောကြားခဲ့ပါသည်။ အဆိုပါဆွေးနွေးပွဲသို့ ဝန်ထမ်း (၁၂)ဦးတက်ရောက်ခဲ့ပြီး ဆွေးနွေးပွဲကို နံနက် (၁၀:၄၀) နာရီအချိန်တွင် ရုပ်သိမ်းခဲ့ကြောင်းသိရှိရပါသည်။

DOCA(ရန်ကုန်)