တောင်ငူမြို့တွင် အိမ်မွေးကြက်သားမှာ ယခင်စက်တင်ဘာလ၊နောက်ဆုံးအပတ်တွင် တစ်ပိဿာလျှင် ၂၅၀၀၀ကျပ်ရှိခဲ့ရာမှ ယခုအောက်တိုဘာလ ပထမအပတ်တွင် တစ်ပိဿာလျှင် ၂၇၀၀၀ကျပ်ရှိသဖြင့် တစ်ပိဿာလျှင် ၂၀၀၀ကျပ်၊ စီပီကြက်သားမှာ ယခင်စက်တင်ဘာလ၊ နောက်ဆုံးအပတ်တွင် တစ်ပိဿာလျှင် ၁၆၀၀၀ကျပ်ရှိခဲ့ရာမှ ယခုအောက်တိုဘာလ၊ ပထမအပတ်တွင် တစ်ပိဿာလျှင် ၁၈၀၀၀ကျပ်ရှိသဖြင့် တစ်ပိဿာလျှင် ၂၀၀၀ကျပ်ဈေးတက်လာပါသည်။
ချောင်းပုစွန်မှာ ယခင်စက်တင်ဘာလ၊ နောက်ဆုံးအပတ်တွင် တစ်ပိဿာလျှင် ၄၅၀၀၀ကျပ်ရှိခဲ့ရာမှ ယခုအောက်တိုဘာလ၊ ပထမအပတ်တွင် တစ်ပိဿာလျှင် ၅၀၀၀၀ကျပ်ရှိသဖြင့် တစ်ပိဿာလျှင် ဈေးနှုန်း ၅၀၀၀ကျပ်၊ ဘော့ပုစွန်မှာ ယခင်စက်တင်ဘာလ၊ နောက်ဆုံးအပတ်တွင် တစ်ပိဿာလျှင် ၃၀၀၀၀ကျပ်ရှိခဲ့ရာမှ ယခုအောက်တိုဘာလ ပထမအပတ်တွင် တစ်ပိဿာလျှင် ၃၅၀၀၀ကျပ်ရှိသဖြင့် တစ်ပိဿာလျှင် ၅၀၀၀ကျပ် ဈေးနှုန်းမြင့်တက်လာပါသည်။
ငါးဖယ်ခြစ်ဈေးနှုန်းမှာ ယခင်စက်တင်ဘာလ၊ နောက်ဆုံးအပတ်တွင် တစ်ပိဿာလျှင် ၃၀၀၀၀ကျပ်ရှိခဲ့ရာမှ ယခုအောက်တိုဘာလ၊ ပထမအပတ်တွင် တစ်ပိဿာလျှင် ၃၂၀၀၀ကျပ်ရှိသဖြင့် တစ်ပိဿာလျှင် ၂၀၀၀ကျပ်ဈေးတက်လျက်ရှိကြောင်း ညောင်ပင်ဈေးရှိ သားငါးအရောင်းဆိုင်များမှသိရပါသည်။
DOCA(ပဲခူး)