Main menu

တောင်ငူမြို့တွင် ရှမ်းပြည်မှဝင်ရောက်လာသည့် ဟင်းသီးဟင်းရွက်များ ဈေးကျ

Powered by Drupal

        တောင်ငူမြို့ ညောင်ပင်ဈေးတွင် ဒေသထွက်နှင့် အခြားအရပ်ဒေသများမှဝင်ရောက်လာသော ဟင်းသီးဟင်းရွက်များရောင်းချလျက်ရှိရာ ယခင်စက်တင်ဘာလ၊ နောက်ဆုံးအပတ် ရေကြီးနစ်မြှုပ်မှုဖြစ်စဉ်က ဟင်းသီးဟင်းရွက်များ ဈေးနှုန်းမြင့်တက်ခဲ့သော်လည်း ယခုအခါတွင် ဈေးနှုန်းများကျဆင်းလာပြီဖြစ်ပါသည်။

         ရှမ်းပြည်နယ်မှဝင်ရောက်လာသည့် ဂေါ်ရခါးသီးများမှာ ယခင်စက်တင်ဘာလ၊ နောက်ဆုံးအပတ်တွင် တစ်လုံးလျှင် ၅၀၀ကျပ်၊ ၁၀လုံးယူလျှင် ၄၅၀၀ကျပ်ရှိခဲ့ပြီး ယခုအောက်တိုဘာလ၊ ပထမအပတ်တွင် တစ်လုံးလျှင် ၃၀၀ကျပ်၊ ၁၀လုံးနှင့်အထက်ယူပါက ၂၀၀၀ကျပ်ဖြင့် ဈေးနှုန်းကျဆင်းလာပါသည်။      

          မုန်ညင်းထုပ်မှာ ယခင်စက်တင်ဘာလ၊ နောက်ဆုံးအပတ်တွင် တစ်ပိဿာလျှင် ၃၅၀၀ကျပ်မှ ၄၀၀၀ကျပ်အထိရှိခဲ့ရာမှ ယခုအောက်တိုဘာလ၊ ပထမအပတ်တွင် တစ်ပိဿာလျှင် ၂၈၀၀ကျပ်မှ ၃၀၀၀ကျပ်အထိ ဈေးနှုန်းကျဆင်းလာပါသည်။

          မုန်လာဥနီမှာ ယခင်စက်တင်ဘာလ၊ နောက်ဆုံးအပတ်တွင် တစ်ပိဿာလျှင် ၅၀၀၀ကျပ်မှ ၇၀၀၀ကျပ်အထိရှိခဲ့ရာမှ ယခုအောက်တိုဘာလ၊ ပထမအပတ်တွင် တစ်ပိဿာလျှင် ၃၀၀၀ကျပ်မှ ၄၀၀၀ကျပ်အထိ ဈေးနှုန်းကျဆင်းကြောင်း တောင်ငူမြို့၊ ညောင်ပင်ဈေးရှိ ဟင်းသီးဟင်းရွက်အရောင်းဆိုင်များမှသိရပါသည်။

DOCA(ပဲခူး)