Main menu

ညောင်လေးပင်မြို့နယ်အတွင်း စားအုန်းဆီ သက်သာသောဈေးနှုန်းဖြင့် လှည့်လည်ရောင်းချခြင်း

Powered by Drupal

        (၃-၁၀-၂၀၂၄) ရက်နေ့တွင် ပဲခူးတိုင်းဒေသကြီး (အရှေ့) ညောင်လေးပင်ခရိုင်၊ ညောင်လေးပင်မြို့နယ်၊ မြို့မ(၄)ရပ်ကွက်ရှိ အခြေခံလူတန်းစားများအား ညောင်လေးပင်မြို့နယ် ဆီ လက်လီ/ လက်ကားရောင်းချသော လုပ်ငန်းရှင်များမက စားအုန်းဆီများကို သက်သာသောဈေးနှုန်းဖြင့် လှည့်လည်ရောင်းချပေးခဲ့ကြောင်းသိရှိရပါသည်။

         ညောင်လေးပင်မြို့၊ မြို့မ(၄) ရပ်ကွက်သို့ လှည့်လည်ရောင်းချရာတွင်  စားအုန်းဆီ () ပိဿာလျှင် (၇၈၀၀) ကျပ်ဖြင့် လူတစ်ဦးလျှင် (၅၀)ကျပ်သား၊ စားအုန်းဆီပိဿာချိန် (၂၂၀) ပိဿာ၊ လူဦးရေ(၄၄၀)ဦးအား ရောင်းချပေးခဲ့ရာတွင် ညောင်လေးပင်မြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံက ကြီးကြပ်ဆောင်ရွက်ခဲ့ကြောင်းသိရှိရပါသည်။

DOCA(ပဲခူး)