Main menu

သက်သာသောဈေးနှုန်းဖြင့် ဆန်ရောင်းချမှု

Powered by Drupal

       ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သာယာဝတီမြို့နယ် ဆန်ကုန်သည်နှင့် ဆန်စက်လုပ်ငန်းရှင်များသည် ဆန်များကို သက်သာသောနှုန်းထားဖြင့် ဗွီနိုင်းချိတ်ဆွဲရောင်းချနေခြင်းကို ဇွန်လ(၂၄)ရက်နေ့မှ စတင်ရောင်းချခဲ့ရာ ယနေ့အောက်တိုဘာလ(၃)ရက်နေ့အထိ နေ့စဉ် အကန့်အသတ်မရှိဘဲ ဝယ်ယူလိုသည့်ပမာဏအတိုင်း ရောင်းချပေးလျက်ရှိပါသည်။ (၃-၁၀-၂၀၂၄)ရက်နေ့တွင် ဆန်စက်နှင့် ဆန်ဆိုင်တို့မှ ဧည့်မထဆန်၊ ရက်(၉၀)ဆန်၊ မနောသုခဆန်တို့အား ဆန်တစ်ပြည်လျှင် (၃၀၀၀)ကျပ်နှုန်းဖြင့် ဆန်အိတ် (၃၆)အိတ်၊ လူဦးရေ (၂၅၃)ဦးအား ရောင်းချပေးပြီးဖြစ်ကြောင်းနှင့် လိုသလောက်ဆန်များကို သက်သာသောဈေးနှုန်းဖြင့် ဆန်ကုန်သည်များအနေဖြင့် ရောင်းချပေးသွားမည်ဖြစ်ကြောင်း၊ သာယာဝတီမြို့နယ်အနေဖြင့် သက်သာသောဈေးနှုန်းဖြင့် ဆန်များရောင်းချနေလျက်ရှိကြောင်းသိရှိရပါသည်။

DOCA(ပဲခူး)