Main menu

ရွှေဘိုဈေးကွက်တွင် ဖြစ်ပေါ်နေသော မြေပဲလုံးဆန်ဈေး

Powered by Drupal

     စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ရွှေဘိုခရိုင်ဦးစီးမှူးရုံးအနေဖြင့် ကုန်စည်ဒိုင်များ၏ သီးနှံဈေးနှုန်းများနှင့် အရောင်းအဝယ်ဖြစ်မှု တင်း/တန်စာရင်းတို့ကို အပတ်စဉ်၊ လစဉ်တင်ပြလျက်ရှိရာ ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ၊ ပထမအပတ်တွင်အရောင်း အဝယ်ဖြစ်သည့် သီးနှံဈေးနှုန်းအခြေအနေများကို ရွှေဘိုမြို့ ပဲ၊ နှမ်းကုန်စည်ဒိုင်ရှိ တာဝန်ရှိသူများနှင့် ဆက်သွယ်မေးမြန်းခဲ့ပါသည်။ ဆက်သွယ်မေးမြန်းမှုအရ မြေပဲလုံးဆန်များမှာ စက်တင်ဘာလ၊ ဒုတိယ အပတ်မှ စတင်၍ ရွှေဘိုဈေးကွက်သို့ ဝင်ရောက်ခဲ့ကြောင်း၊ အောက်တိုဘာလ၊ ပထမအပတ်တွင် အရောင်းအဝယ်ဖြစ်သည့်ဈေးနှုန်းမှာ မြေပဲလုံးဆန်တစ်တင်းလျှင် (၁၁၆၈၀ဝိ/-) ကျပ်ပေါက် ဈေးရှိပြီး တစ်ပတ်အတွင်းအရောင်းအဝယ်ဖြစ်မှုမှာ (၄၅၀၀)တင်း/ (၁၀၃)တန်ဖြစ် ကြောင်း၊   ‌ယခင်အပတ်နှင့် ယခုအပတ်တို့၏ အရောင်းအဝယ်ဖြစ်သည့်ဈေးနှုန်းတို့ကို နှိုင်းယှဉ်ပါက ယခင်ပတ်၌     မြေပဲလုံးဆန်တစ်တင်းလျှင် (၁၂၁၆၀ဝိ/-)ကျပ် ပေါက်ဈေးရှိခဲ့သဖြင့် ယခုအပတ်တွင် ယခင်အပတ်အောက် မြေပဲလုံးဆန် တစ်တင်းလျှင်(၄၈၀ဝိ/-)ကျပ် ဈေးလျော့နည်းခဲ့ကြောင်း၊ ယခင်နှစ်ကာလတူနှင့် အရောင်းအဝယ်ဖြစ်သည့်ဈေးနှုန်း နှိုင်းယှဉ်ပါက ယခင်နှစ်ကာလတူ၌ မြေပဲလုံးဆန်တစ်တင်းလျှင်(၁၀၀၈၀ဝိ/-)ကျပ်ပေါက်ဈေးရှိခဲ့သဖြင့် ယခုနှစ်တွင် ယခင်နှစ်ကာလတူထက် မြေပဲလုံးဆန်တစ်တင်းလျှင် (၁၆၀၀ဝိ/-) ကျပ် ဈေးပိုမိုရရှိခဲ့ကြောင်း၊ ယခုအပတ်တွင် ဝင်ရောက်မှုများလာသော်လည်း  ဒေသတွင်းဆီကြိတ်ခွဲ ထုတ်လုပ်သည့် ဆီစက်များနှင့် စားသုံးရန်အတွက် ကြိတ်ခွဲရန်ဝယ်ယူသူများရှိသဖြင့် ဝင်ရောက်သမျှ အရောင်းအဝယ်ဖြစ်လျက်ရှိ‌ကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)