Main menu

စိုက်ပျိုးရေးကဏ္ဍကို ပိုမိုအထောက်အကူပြုနိုင်စေရန်အတွက် လာအိုတွင် e-commerce platform စတင်မိတ်ဆက်

Powered by Drupal

         လာအိုစိုက်ပျိုးရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ဒေသတွင်းလယ်သမားများ ရောင်းဝယ်ဖောက်ကားမှုတိုးတက်လာစေရေးနှင့် ဝယ်ယူသူများအဆင်ပြေစေရေး စသည်တို့ကိုရည်ရွယ်၍ လာအိုနိုင်ငံ၏ လယ်ယာထွက်ကုန်ပစ္စည်းများအတွက် E-commerce platform ကို စတင်မိတ်ဆက်လိုက်ပြီဖြစ်သည်။ စတင်မိတ်ဆက်သည့်အခမ်းအနားကို လာအိုစက်မှုနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ဒုတိယဥက္ကဋ္ဌ Mr Malathong Kommasith နှင့် လာအိုနိုင်ငံတရုတ်နိုင်ံငံသံရုံးမှ Mr wang chang တို့တက်ရောက်ခဲ့ကြသည်။ တနင်္လာနေ့တွင် ဖွင့်လှစ်ခဲ့သော အဆိုပါဖွင့်ပွဲတွင် ကုန်သွယ်ရေးနှင့် လက်မှုလုပ်ငန်းမြှင့်တင်ရေးဦးစီးဌာနမှ ဒါရိုက်တာ vithoum sitthmolada လည်းတက်ရောက်ခဲ့ပြီး ယင်းက ယခုကဲ့သို့ platform  တည်ထောင်နိုင်ရေးအတွက် တရုတ်နိုင်ငံအစိုးရမှ အဓိကထောက်ပံ့ကူညီခြင်းဖြစ်ကြောင်း vithoum sitthmolada ကပြောကြားခဲ့သည်။ ဆက်လက်၍ ၄င်းက ယခုplatform တွင် လာအိုနိုင်ငံ၏ စိုက်ပျိုးရေးလယ်ယာထွက်ကုန်ပစ္စည်းများအတွက် သီးသန့်ပြုလုပ်ထားသည့် သီးသန့်သတင်းအချက်လက်ပေးမည့် အဓိကအရင်းမြစ် e-commerce platform ဖြစ်ကြောင်းပြောကြားခဲ့သည်။ e-commerce platform ကို စတင်အကောင်အထည်ဖော်နိုင်ရန်အတွက် ၂၀၂၀ခုနှစ်၊ နိုဝင်ဘာ ၁၉ရက်နေ့တွင် သဘောတူစာချုပ်လက်မှတ်ရေးထိုးခဲ့ကြခြင်းဖြစ်သည်။ ပြည်သူအများကြည့်ရှုနိုင်သည့် website အဖြစ် လာအိုလယ်ယာထွက်ကုန်များအတွက် သတင်းအချက်အလက်ရင်းမြစ်ဖြစ်သည့် ပလပ်ဖောင်းတစ်ခုဖန်တီးခြင်းသည် လာအိုနိုင်ငံ၏ကုန်သွယ်မှုနှင့် ဝန်ဆောင်မှုနယ်ပယ်တွင် သတင်းအချက်အလက်နည်းပညာနှင့် ဆက်သွယ်ရေးအခြေခံအဆောက်အအုံတစ်ခုဖန်တီးရန် အစပျိုးမှု၏တစ်စိတ်တစ်ပိုင်းဖြစ်လာမည်ဖြစ်သည်။

Source-xinhua

DOCA(မန္တလေး)