Main menu

အင်ဒိုနီးရှားနိုင်ငံ Banyuwangi ခရိုင်မှ ကနေဒါသို့ ပထမဆုံး စည်သွပ်တူနာတင်ပို့မှုပြုလုပ်

Powered by Drupal

         အင်ဒိုနီးရှားနိုင်ငံရေကြောင်းရေးရာနှင့် ငါးလုပ်ငန်းဝန်ကြီးဖြစ်သူ Sakti Wahyu Trenggono က အရှေ့ဂျာဗားရှိ Banyuwangi ခရိုင်မှ စည်သွပ်တူနာများအား ကနေဒါနိုင်ငံသို့ ပထမဆုံးတင်ပို့ခဲ့ကြောင်း ၃၀-၉-၂၀၂၄ ရက်နေ့တွင် ပြောကြားခဲ့ပါသည်။ လာမည့် ၆လကျော်တွင် စုစုပေါင်း အမေရိကန်ဒေါ်လာ ၁၀သန်းတန်ဖိုးတင်ပို့မှုပြုလုပ်နိုင်မည်ဟုသိရပါသည်။ Trenggono က အစိုးရသည် ကုန်ထုတ်လုပ်ခြင်းနှင့် ပြုပြင်ထုတ်လုပ်တင်ပို့သည့် ကဏ္ဍကိုပံ့ပိုးပေးရန်အတွက် ကုန်ကြမ်းပစ္စည်းစနစ်တိုးတက်စေရေး ဆက်လက်ကြိုးပမ်းသွားမည်ဟုပြောကြားခဲ့ပါသည်။ တင်ပို့ရန်အလို့ငှာ လိုအပ်ချက်ပြည့်မီရန်အတွက် ငါးလုပ်ငန်းကိုပံ့ပိုးရန်နှင့် ကုန်ကြမ်းကဏ္ဍကိုက်ညီရန် ကြိုးပမ်းအားထုတ်မှု၏ တစ်စိတ်တစ်ပိုင်းအနေဖြင့် ငါးဖမ်းခြင်းစီမံချက်များကို အကောင်အထည်ဖော်ရန်လိုအပ်ကြေင်းသိရပါသည်။ ဝန်ကြီးက ၎င်းတို့တွင် ကုန်ကြမ်းပစ္စည်းနည်းပါးပြီး ပြည်တွင်းမှပံ့ပိုးမှုကိုမျှော်လင့်ရန် ဖြစ်နိုင်ချေမရှိသည့်အတွက် ကုန်ကြမ်းတင်သွင်းရန်လိုကြောင်း၊ Banyuwangi အပြင် အခြားဒေသများမှလည်း စည်သွပ်ငါးတင်ပို့နိုင်ကြောင်းနှင့် အစိုးရသည်လည်း နိုင်ငံ၏စီးပွားရေးအနာဂတ်ဖြစ်သည့်အတွက် ဆက်လက်ပံ့ပိုးမှုပြုလုပ်သွားမည်ဖြစ်ကြောင်းပြောကြားခဲ့ပါသည်။ ဝန်ကြီးဌာန၏ သုတေသနအရ Papua ပြည်နယ်၏ Biak ခရိုင်သည် တူနာများမွေးမြူပြုစုရန်အတွက် အလားအလာရှိပြီး ငါးလုပ်ငန်းကုန်ကြမ်းအတွက် လုပ်ကိုင်နိုင်ကြောင်းသိရပါသည်။ စည်သွပ်တူနာများတင်ပို့သည့် PT Pasifik Masami Indonesia ၏ ဈေးကွက်ညွှန်ကြားရေးမှူးဖြစ်သူ Sherly Indrawati က ပြည်ပဈေးကွက်သည် အကန့်အသတ်မရှိသော ငါးလုပ်ငန်းအခွင့်အလမ်းများကို ပေးစွမ်းနိုင်ကြောင်းပြောကြားခဲ့ပါသည်။ ထို့ကြောင့် လုပ်ငန်းရှင်များသည် ငါးများစောင့်ရှောက်မွေးမြူခြင်းပါဝင်သည့် ကုန်ကြမ်းပစ္စည်းများအတွက် ပြင်သင့်ကြောင်းသိရပါသည်။ PT Pasifik Masami Indonesia သည် စည်သွပ်တူနာနှင့် တူနာအစိမ်းတစ်ရက်လျှင် တန်၇၀ထုတ်လုပ်နိုင်စွမ်းရှိကြောင်းသိရပါသည်။ ထိုကုမ္ပဏီသည် ပြည်တွင်းဈေးကွက်အပြင် ဥရောပ၊ အာရှ၊ အရှေ့အလယ်ပိုင်း၊ အာဖရိက၊ မြောက်အမေရိက(ကနေဒါ)နှင့် ကျွန်းနိုင်ငံများ အစရှိသည့် နိုင်ငံတကာဈေးကွက်များကို ပစ်မှတ်ထားနေကြောင်းသိရပါသည်။

Source : Anatar News

DOCA(ရန်ကုန်)