ရန်ကုန်တိုင်းဒေသကြီး၊ ပြည်တွင်းရေကြောင်းသွားရေယာဉ်ဖြင့်သယ်ဆောင်လာသည့် ကုန်ပစ္စည်းအမည်၊ အရေအတွက်ဖော်ပြသည့် ကုန်တင်လွှာစနစ် စံပြုလုပ်ငန်းစဉ် (SOPs)အပေါ် ကြပ်မတ်စစ်ဆေးရေးအဖွဲ့များဖြစ်သော ပြည်တွင်းရေကြောင်းဦးစီးဌာနမှဦးဆောင်၍ အကောက်ခွန်ဦးစီးဌာန၊ ကျောက်တံတားခရိုင်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ရေကြောင်းရဲတပ်ဖွဲ့၊ တိုင်းရဲတပ်ဖွဲ့၊ အရှေ့ပိုင်းခရိုင်စားသုံးသူရေးရာဦးစီးဌာန၊ အမှတ်(၃)မူးယစ်ဆေးဝါး တားဆီးနှိမ်နှင်းရေးရဲတပ်ဖွဲ့(ရန်ကုန်)၊ ရေအရင်းမြစ်နှင့် မြစ်ချောင်းများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနတို့ပါဝင်သော အဖွဲ့များသည် ၃-၁၀-၂၀၂၄ ရက်နေ့၊ နံနက် (၁၀:၀၀) နာရီမှ နေ့လယ် (၁၂:၃၀)နာရီအချိန်ထိ သွားရောက်စစ်ဆေးခဲ့ကြောင်းသိရှိရပါသည်။
ထိုသို့စစ်ဆေးရာတွင် Myanmar Innovation Center(ကျန်းမာရေး) ဆိပ်ကမ်းမှစတင်၍ စဉ့်အိုးတန်းဆိပ်ကမ်း(၁)၊ (၂)၊ ရွှေတောင်တန်းဆိပ်ကမ်း၊ လှည်းတန်းဆိပ်ကမ်း၊ ကိုင်းတန်းဆိပ်ကမ်းတို့တွင် ကုန်တင်/ကုန်ချပြုလုပ်နေသော သင်္ဘောရေယာဉ်များအား တရားမဝင်ကုန်ပစ္စည်းများတင်ဆောင်ခြင်းရှိ/မရှိ၊ လက်နက်ခဲယမ်းများသိုဝှက်သယ်ဆောင်ခြင်းများရှိ/မရှိတို့ကို စစ်ဆေးခဲ့ကြောင်းသိရှိရပါသည်။
DOCA(ရန်ကုန်)