Main menu

တနင်္သာရီတိုင်းဒေသကြီး၏ ကွမ်းသီးနှင့် သီဟိုဠ် ဈေးနှုန်း/ဈေးကွက်

Powered by Drupal

    တနင်္သာရီတိုင်းဒေသကြီးတွင် ထားဝယ်၊ မြိတ်၊ ဘုတ်ပြင်း၊ ကော့သောင်းခရိုင် (၄) ခုရှိရာ ခရိုင် (၄) ခုလုံး၏ တောင်စောင်းတစ်လျှောက်တွင် ကွမ်းသီးပင်နှင့် သီဟိုဠ်ပင်တို့ကို စီးပွားဖြစ်အများအပြားစိုက်ပျိုးလျက်ရှိပြီး ဒေသမှထွက်ရှိသော ကွမ်းသီးနှင့်သီဟိုဠ်ဈေးနှုန်းများမှာ အောက်တိုဘာလ ပထမပတ်အတွင်း တည်ငြိမ်လျက်ရှိကြောင်း သိရှိရပါသည်။

ကွမ်းသီး

     တနင်္သာရီတိုင်းဒေသကြီး၏ ဒေသတွင်းထွက်ရှိသော ကွမ်းသီးဈေးနှုန်းများမှာ အောက်တိုဘာလ ပထမပတ်အတွင်း ‌ဈေးနှုန်းများမှာ ကွမ်းသီးအခြောက်အခြမ်း တစ်ပိဿာလျှင် (၉၂၀၀)ကျပ်၊ ကွမ်းသီးအခြောက်အလုံး တစ်ပိဿာလျှင်(၈၀၀၀)ကျပ်နှင့် ကွမ်းသီးအနု တစ်ပိဿာလျှင်အလုံးရေ (၇၀/၇၅)ခန့် ဝင်ဆံ့ပြီး ဈေးနှုန်းမှာ(၁၀၀၀၀)ကျပ် ဖြစ်ပြီး တနင်္သာရီတိုင်းဒေသကြီးမှ ထွက်ရှိသော ကွမ်းသီးအများစုကို မော်လမြိုင်၊ ရန်ကုန်၊ မုံရွာ နှင့် ကလေးမြို့များသို့ အများဆုံးတင်ပို့ ရောင်းချ လျက်ရှိပါသည်။

သီဟိုဠ်

     တနင်္သာရီတိုင်းဒေသကြီး၏ သီဟိုဠ်ဈေးနှုန်းများမှာ အောက်တိုဘာလ ပထမပတ်အတွင်း ဈေးနှုန်းတည်ငြိမ်လျက်ရှိပြီး သီဟိုဠ်ပုံချောအသန့် တစ်ပိဿာလျှင်(၅၂၀၀၀)ကျပ်နှင့် အခွံကြမ်း တစ်ပိဿာလျှင် (၇၀၀၀) ကျပ်ရှိပါသည်။

    ဈေးနှုန်းများမှာ ထားဝယ်မြို့‌ပေါ်တွင်ဖြစ်ပေါ်လျက်ရှိသော ဈေးနှုန်းများဖြစ်ပြီး တနင်္သာရီတိုင်းဒေသကြီး၏ မြိတ်ခရိုင်၊ ဘုတ်ပြင်းခရိုင်နှင့်ကော့သောင်းခရိုင်များရှိဈေးနှုန်းများမှာ ခရိုင်အလိုက် ပျှမ်းမျှအားဖြင့် အနည်းငယ်ခန့် ကွာခြားမှုရှိကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)