![](http://www.doca.gov.mm/sites/default/files/styles/consumer_inner_image__847x424_/public/3_4.png?itok=ZEWnNOuO)
၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ ၈ ရက်နေ့၊ နံနက် ၁၀း၀၀ နာရီအချိန်တွင် ရုံးချုပ်၊ နေပြည်တော်၌ကျင်းပပြုလုပ်သည့် ပြည်တွင်းမှထွက်ရှိသည့် ဆီထွက်သီးနှံများကို စွမ်းအားပြည့်ကြိတ်ခွဲနိုင်မှုနှင့် စပ်လျဥ်း၍ လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးမှ Online Virtual စနစ်ဖြင့် တက်ရောက်ခဲ့ပါသည်။
အစည်းအဝေးတွင် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်မှ အဖွင့်အမှာစကားပြောကြားခဲ့ပြီး၊ ပြည်တွင်းမှထွက်ရှိသည့် ဆီထွက်သီးနှံများကို စွမ်းအားပြည့်ကြိတ်ခွဲနိုင်မှုများနှင့်စပ်လျဥ်း၍ စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်၊ စိုက်ပျိုးရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချူပ်၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာမှ ဒုတိယအမြဲတမ်းအတွင်းဝန်၊ မြန်မာနိုင်ငံဆီစက်ပိုင်ရှင်များ အသင်းဥက္ကဋ္ဌ၊ တိုင်းဒေသကြီး/ ပြည်နယ်ဦးစီးမှူးများမှ အသီးသီးဆွေးနွေးခဲ့ကြပြီး စားသုံးသူရေးရာဦးစီးဌာနမှ၊ ညွှန်ကြားရေးမှူးချုပ်မှ နိဂုံးချုပ်စကားပြောကြားခဲ့ကာ ညှိနှိုင်းအစည်းအဝေးအား နံနက် ၁၁း၄၅ နာရီအချိန်တွင် ပြီးမြောက်ခဲ့ကြောင်းသိရှိရပါသည်။
DOCA(တနင်္သာရီ)