Main menu

ပေါင်မြို့နယ်၌ ရာသီစာကျွဲကောများ လှိုင်လှိုင်ထွက်ရှိ

Powered by Drupal

         မွန်ပြည်နယ်၊ ပေါင်မြို့နယ်၌ ဒေသထွက်ရာသီစာကျွဲကောများ လှိုင်လှိုင်ထွက်ရှိနေပြီး ဖြစ်ကြောင်းသိရသည်။ ယခုနှစ် စက်တင်ဘာလအစောပိုင်းကတည်းက စတင်ခူးဆွတ်ရောင်းချနေသည့် ပေါင်မြို့နယ်ထွက် ဓာတ်ကျွဲကောသီးများမှာ ဈေးကွက်အတွင်း ဝယ်ယူစားသုံးသူများပြားလျက်ရှိသည်။

         မွန်ပြည်နယ်ရှိ မြို့နယ်အများစု၌ စိုက်ပျိုးကြပြီး ထွက်ရှိသောကျွဲကောသီးများကို ဒေသတွင်းစားသုံးရောင်းချမှုများအပြင် အလုံး ၅၀ ပါနှီးခြင်းများဖြင့်ထုတ်ပိုးကာ ရန်ကုန်ပွဲရုံနှင့် မန္တလေးတို့ကို အဓိကတင်ပို့ရောင်းချကြသည်။ ပန်းရောင်ကျွဲကောသီး အကြီးတစ်လုံးလျှင် (၃၀၀၀) ကျပ်၊ ပန်းရောင်ကျွဲကောသီး အလတ်တစ်လုံးလျှင် (၂၀၀၀) ကျပ်၊ ပန်းရောင်ကျွဲကောသီး အသေးတစ်လုံးလျှင် (၁၀၀၀) ကျပ်၊ ကျွဲကောသီးအဖြူ အကြီးတစ်လုံးလျှင် (၂၀၀၀) ကျပ်၊ ကျွဲကောသီးအဖြူ အသေးတစ်လုံးလျှင် (၁၀၀၀) ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရှိရပါသည်။

          ဒေသထွက်ကျွဲကောသီးကို အဖြူသီးနှင့် ပန်းရောင်သီးဟု ခွဲခြားထားကာ နှစ်မျိုးစလုံးအရသာချိုပြီး ဈေးနှုန်းအတူတူပင်ဖြစ်သည်။ ကျွဲကောသီးသည် သွေးလည်ပတ်မှုကောင်းခြင်း၊ အိပ်ပျော်ခြင်းစသောအကျိုးကျေးဇူးများကိုရရှိစေပါသည်။ ထို့ပြင်သွေးကျဲခြင်း၊ လည်ပင်းနာခြင်း စသောရောဂါများအပြင် ဆီးချိုရောဂါများအတွက်လည်း အကောင်းဆုံးဓာတ်စာဖြစ်၍ လူတိုင်းစားသုံးရန်သင့်သော သီးနှံဖြစ်ကြောင်း သိရှိရပါသည်။

DOCA(မွန်)