Main menu

ဗီယက်နမ်နိုင်ငံသည် ၉ လအတွင်း ရေထွက်ကုန်တင်ပို့မှုမှ ဒေါ်လာ ၇ ဘီလီယံကျော်ရရှိခဲ့

Powered by Drupal

       ဗီယက်နမ်နိုင်ငံ၏ ရေထွက်ကုန်တင်ပို့မှုသည် ယခုနှစ် ပထမ ၉ လအတွင်း ကန်ဒေါ်လာ ၇.၁၆ ဘီလီယံအထိရောက်ရှိခဲ့ပြီး တစ်နှစ်ထက်တစ်နှစ် ၈.၅% တိုးလာကြောင်း ဗီယက်နမ် ပင်လယ်စာတင်ပို့ရောင်းချသူများနှင့် ထုတ်လုပ်သူများအသင်း(VASEP) မှ သတင်းထုတ်ပြန်ချက်အရသိရသည်။ စက်တင်ဘာလတွင် ဗီယက်နမ်နိုင်ငံသည် ရေထွက်ကုန်တင်ပို့မှုမှ အမေရိကန် ဒေါ်လာ ၈၆၆ သန်းရရှိခဲ့သည်။ ပုဇွန်သည် ပထမ ၉ လအတွင်း အမေရိကန်ဒေါ်လာ ၂.၈ ဘီလီယံခန့်ဖြင့် အမြင့်ဆုံးနိုင်ငံခြားငွေရရှိသော ရေထွက်ကုန်ပစ္စည်းအဖြစ် ဆက်လက်ရပ်တည်နေပြီး ၁၀.၅% တိုးလာခဲ့သည်။ အေးခဲပုဇွန်တင်ပို့မှုသည် အီကွေဒေါ၊ အိန္ဒိယတို့၏ ပြိုင်ဆိုင်မှုများဖြင့်ရင်ဆိုင်နေရသော်လည်း ပြုပြင်ထားသောပုဇွန်များသည် ခိုင်မာသောဈေးကွက်အနေအထား တစ်ရပ်ပိုင်ဆိုင်နေပြီဖြစ်ကြောင်းသိရသည်။ ပြည်ပသို့ ပြုပြင်ပြီးခြေထောက်ဖြူပုဇွန်များတင်ပို့မှုမှာ ၁၀% နီးပါးတိုးလာပြီး အေးခဲထားသော ခြေထောက်ဖြူပုဇွန်တင်ပို့မှုမှာ ၄.၅% မြင့်တက်လာခဲ့သည်။ ဗီယက်နမ်ငါးခူ အမျိုးအစားတွင်ပါဝင်သော ထရာငါးများတင်ပို့မှုသည် ဇန်နဝါရီမှ စက်တင်ဘာလအတွင်း အမေရိကန်ဒေါ်လာ ၁.၄၆ ဘီလီယံ ရရှိခဲ့ပြီး ပြုပြင်ထားသောထုတ်ကုန်များမှာလည်း ၄၂% တိုးလာခဲ့သည်။ ကုန်ကြမ်းပြတ်လပ်မှုကြောင့် ဩဂုတ်လကတည်းက တူနာငါး တင်ပို့မှုနှေးကွေးခဲ့သော်လည်း ကိုးလအတွင်း ဒေါ်လာ ၇၁၅ သန်းအထိ ၁၆% တိုးလာခဲ့သည်။ ဂဏန်းတင်ပို့မှုသည်တတိယသုံးလပတ်တွင် ၅၆%နှင့် အဓိကအားဖြင့် တရုတ်နိုင်ငံ၏ဝယ်လိုအားကြောင့် ၉လတာကာလအတွင်း ဂဏန်းတင်ပို့မှုမှာ ၆၆% အထိ သိသာသောတိုးတက်မှုကို မြင်တွေ့ခဲ့ရသည်။ VASEP ၏ ခန့်မှန်းချက်အရ ၂၀၂၄ ခုနှစ်အတွက် ရေထွက်ကုန်တင်ပို့မှု စုစုပေါင်းတန်ဖိုးသည် ၉.၅ ဘီလီယံအထိရှိလာမည်ဖြစ်ပြီး ၂၀၂၃ ခုနှစ်ထက် ၇% တိုးလာမည်ဟု ခန့်မှန်းထားကြသည်။ ပုဇွန်တင်ပို့မှုသည် ကန်ဒေါ်လာ ၄ ဘီလီယံနီးပါး ထရောငါးတင်ပို့မှုသည် ကန်ဒေါ်လာ ၂ ဘီလီယံ၊ တူနာတင်ပို့မှုမှ ကန်ဒေါ်လာ ၁ ဘီလီယံနီးပါး၊ ပြည်ကြီးငါးများနှင့် ရေဘဝဲများတင်ပို့မှုမှ ကန်ဒေါ်လာ သန်း ၆၄၀ ရောက်ရှိမည်ဟု ခန့်မှန်းထားကြောင်းသိရသည်။

Source : vnexpress

DOCA(ရန်)