Main menu

ပုထိုးစမ်းကျေးရွာတွင် ဆောင်းသီးနှံပဲလွန်း စတင်စိုက်ပျိုးလျက်ရှိ

Powered by Drupal

     မကွေးတိုင်းဒေသကြီး၊ မကွေးမြို့နယ်၊ မကြီးကန်ကျေးရွာအုပ်စုရှိ ပုထိုးစမ်း ကျေးရွာတွင် နှမ်း၊ မြေပဲ၊ ကုလားပဲ၊ ပဲတီစိမ်း၊ မတ်ပဲနှင့်ပဲစဉ်းငုံသီးနှံများကို စိုက်ပျိုးကြပြီး ၂၀၂၄ခုနှစ်၊ အောက်တို ဘာလ(ပထမပတ်)တွင် ပဲလွန်းစိုက်တောင်သူ(၅၀)ဦးမှ ဧက(၁၅၀၀)ဧကခန့် စိုက်ပျိုးထားကြောင်း သိရသည်။

     ပုထိုးစမ်းကျေးရွာနေ ပဲလွန်းစိုက်တောင်သူ ဦးလှမြင့်က ၎င်းအနေဖြင့် ပဲလွန်းကို(၂)ဧကခန့် စိုက်ပျိုးထားကြောင်း၊ မျိုးအနေဖြင့် ယခင်နှစ်က မျိုးကောင်းမျိုးသန့်အဖြစ်ဖယ်ချန်ထားသော ပဲလွန်းစေ့များကို အသုံးပြု၍ ကြဲပက်စနစ်ဖြင့် စိုက်ပျိုးကြကြောင်း၊ (၁) ဧကလျှင် မျိုး(၄)ပြည်ခန့် ကုန်ကျပြီး (၂)လခွဲခန့်အကြာတွင် ရိတ်သိမ်းရကြောင်း၊ ကုန်ကျစရိတ်အနေဖြင့် ယခင်နှစ်နည်းတူ ယခုနှစ်တွင်လည်း မြေပြုခ၊ လုပ်အားခနှင့် အခြားသွင်းအားစုစရိတ်အပါအဝင် ကျပ်(၃၀၀၀၀၀)ခန့် ကုန်ကျကြောင်း၊ ယခင်နှစ်က(၁)ဧကလျှင် (၁၂)တင်းထွက်ရှိပြီး (၁)တင်းလျှင် ကျပ်(၆၅၀၀၀) ဈေးရရှိကာ ကျပ်(၄၈၀၀၀၀)ခန့် အကျိုးအမြတ်ရရှိခဲ့ကြောင်း၊ ဈေးကွက်အနေဖြင့် မကွေးမြို့ရှိ ပွဲရုံများသို့ တင်ပို့ရောင်းချကြောင်း သိရှိရပါသည်။

DOCA(မကွေး)