ဗီယက်နမ်နိုင်ငံ၏ ဂဏန်းတင်ပို့မှုသည် ၂၀၂၄ ခုနှစ်၏ ကိုးလတာကာလအတွင်း အမေရိကန်ဒေါ်လာ ၂၂၇ သန်းရရှိခဲ့ပြီး တစ်နှစ်တက်တစ်နှစ် ၆၆% တိုးတက်လာကာ အဓိကရေထွက်ကုန်ပစ္စည်းများကြားတွင် စံချိန်တင်အမြင့်ဆုံးအဖြစ်ရပ်တည်နေခဲ့သည်။ ဗီယက်နမ်ဂဏန်းများကို အဓိကဈေးကွက်များအထူးသဖြင့် တရုတ်နိုင်ငံမှ ဗီယက်နမ်ဂဏန်းများအား ဝယ်လိုအား တွန်းအားပေးလာခြင်းကြောင့် အရောင်းမြင့်တက်လာခြင်းဖြစ်သည်ဟု ဗီယက်နမ်ပင်လယ်စာတင်ပို့သူများနှင့် ထုတ်လုပ်သူများအသင်း(VASEP)က အစီရင်ခံစာတစ်ရပ်တွင် ဖော်ပြထားသည်။ ဗီယက်နမ်မှ အရည်အသွေးမြင့်ဂဏန်းများသည် ဈေးနှုန်းအပြိုင်အဆိုင်ပေါက်နေသည်ဖြစ်ရာ ဂျပန်နိုင်ငံသည်လည်း အဓိကတင်ပို့သော ဈေးကွက်တစ်ခုဖြစ်သည်။ ဂဏန်းတင်ပို့မှုမှာ တစ်နှစ်ပတ်လုံးအတွင်း ကန်ဒေါ်လာ သန်း၃၀၀ အထိ ရရှိရန်မျှော်မှန်းထားကြသည်။ ရေထွက်ကုန်တင်ပို့မှု စုစုပေါင်း၏ ၈.၅% မြင့်တက်ခဲ့ပြီး ၉ လတာအတွင်း ကန်ဒေါ်လာ ၇.၁၆ ဘီလီယံအထိ မြင့်တက်လာခဲ့သည်။ ပုဇွန်သည် အမြတ်၁၀.၅% ဖြင့် အမြတ်အစွန်းအများဆုံးရရှိသော ရေထွက်ကုန်ပစ္စည်းအဖြစ် ဦးဆောင်လျက်ရှိသည်။ ၂၀၂၄ ခုနှစ်တွင် ဗီယက်နမ်၏ ပင်လယ်စာ တင်ပို့မှုသည် ၇% မှ ၉.၅ ဘီလီယံအထိတိုးလာကာ ပုဇွန်၊ ရေချိုငါးခူ၊ တူနာ၊ ပြည်ကြီးငါးနှင့် ရေဘဝဲတို့သည်လည်း ပိုမိုတိုးမြင့်ပို့ဆောင်နိုင်မည်ဟု VASEP မှ ခန့်မှန်းထားကြောင်းသိရှိရပါည်။
Source : vnexpress
DOCA(ရန်ကုန်)