Main menu

အုတ်တွင်းမြို့နယ် မူလွန် ကြွယ်ဂံတွင် စားသုံးသူကာကွယ်ရေးဆိုင်ရာအသိပညာပေး

Powered by Drupal

          အခြေခံပညာကျောင်းသားကျောင်းသူများ သိသင့်သိထိုက်သည့် အသိပညာဗဟုသုတများရရှိစေရန်ရည်ရွယ်၍ စားသုံးသူရေးရာဦးစီးဌာန၊ တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ်တာဝန်ခံ ဒေါ်အေးအေးခိုင်သည် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်ခင်မူမူဝင်းနှင့်အတူ အောက်တိုဘာလ ၄ရက်နေ့၊ နံနက်(၁၀း၀၀)နာရီအချိန်တွင် အုတ်တွင်းမြို့နယ်၊ ကြွယ်ဂံကျေးရွာ၊ အခြေခံပညာမူလတန်းလွန်ကျောင်း၌ ကျောင်းသား/ ကျောင်းသူများအား အသိပညာပေးဟောပြောခြင်းဆောင်ရွက်ခဲ့ပါသည်။

           အဆိုပါဟောပြောပွဲတွင် စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံသည်  စားသုံးသူအခွင့်အရေးနှင့်တာဝန်များ၊ စားသုံးသူနစ်နာဆုံးရှုံးမှုမရှိစေရေးအတွက် ဦးစီးဌာန၏ ဆောင်ရွက်ချက်များ၊ ကုန်စည်များဝယ်ယူရာတွင် ကုန်အညွှန်းအမှတ်အသားများပြည့်စုံစွာဖော်ပြထားသော ကုန်စည်များကိုသာဝယ်ယူသုံးစွဲရန် အရေးကြီးပုံများကို အသိပညာပေးဟောပြောခဲ့ပါသည်။

             ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အုတ်တွင်းမြိုနယ်ဦးစီးမှူး ဒေါ်ခင်မူမူဝင်းက ကျောင်းသား/ ကျောင်းသူများအား စာဖတ်ရှိန်မြှင့်တင်ရေးနှင့် လူငယ်ရေးရာဆိုင်ရာ အသိပညာပေးခြင်းအကြောင်းအရာများကို ဟော​ပြောဆွေးနွေးခဲ့ပါသည်။ ဟောပြောပွဲသို့ ကျောင်းသား/ ကျောင်းသူ (၈၆)ဦးတက်ရောက်ခဲ့ကြောင်းနှင့် ဟောပြောပွဲအပြီးတွင် မြို့နယ်တာဝန်ခံသည် ကျောင်းမုန့်ဈေးတန်းတွင် ရောင်းချလျက်ရှိသည့် အသင့်စားမုန့်များအား ဈေးကွက်စောင့်ကြည့် စစ်ဆေးခဲ့ကြောင်းသိရပါသည်။

DOCA(ပဲခူး)