တောင်ငူမြို့သို့ နေပြည်တော်၊ တပ်ကုန်းမြို့နယ်မှ ဖရဲသီးများ လာရောက်ရောင်းချလျက်ရှိရာ ၎င်းဖရဲသီးများသည် ဒေသထွက်ဖရဲသီးများထက် အရသာပိုမိုကောင်းမွန်သဖြင့် လူကြိုက်များ၍ ရောင်းအားကောင်းလျက်ရှိပါသည်။
တပ်ကုန်းမြို့နယ်မှ တောင်ငူမြို့သို့ ကားတစ်စီးလျှင် ဖရဲသီးအလုံး ၃၀၀၀ခန့်တင်ဆောင်ပြီး တောင်ငူမြို့၊ ဘုရင့်နောင်ဈေးအနီးတွင် အထိုင်ဆိုင်ခန်းဖွင့်၍လည်းကောင်း၊ မော်တော်ယာဉ်ငယ်များဖြင့် လူစည်ကားရာနေရာများတွင် လှည့်လည်၍လည်းကောင်း ရောင်းချလျက်ရှိပါသည်။
ဈေးနှုန်းမှာ အလုံးအကြီး/ အသေးပေါ်မူတည်၍ မေလတွင် တစ်လုံးလျှင် ၁၀၀၀ကျပ်မှ ၄၀၀၀ ကျပ်အထိရှိခဲ့ရာမှ ယခုအောက်တိုဘာလ၊ ပထမအပတ်တွင် တစ်လုံးလျှင် ၂၀၀၀ကျပ်မှ ၅၀၀၀ကျပ်အထိရှိကြောင်းနှင့် ဈေးနှုန်းအနည်းငယ်မြင့်တက်သော်လည်း ပုံမှန်အတိုင်းရောင်းရကြောင်း ဘုရင့်နောင်ဈေးရှိ ဖရဲသီးအရောင်းဆိုင်မှသိရပါသည်။
DOCA(ပဲခူး)