အယ်ဂျီးရီးယားနှင့် တူနီးရှားဆိုင်ရာ ဗီယက်နမ်ကုန်သွယ်ရေးရုံးနှင့် တူနီးရှားနိုင်ငံစက်မှု ကုန်သွယ်ရေးနှင့် လက်မှုပစ္စည်းများအသင်းတို့သည် စီးပွားရေးလုပ်ငန်းအချင်းချင်းချိတ်ဆက်နိုင်ရန်အတွက် ဆွေးနွေးပွဲပြုလုပ်ခဲ့ကြောင်းသိရပါသည်။ ထိုပွဲကို နှစ်နိုင်ငံဝန်ကြီးဌာနများ၊ ကဏ္ဍများနှင့် စီးပွားရေးလုပ်ငန်း ၆၀ မှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်းသိရပါသည်။ ထိုဆွေးနွေးပွဲသည် ကုန်သွယ်ရေးရုံးမှကိုယ်စားလှယ်အဖွဲ့၏ စက်တင်ဘာလ ၃၀ ရက်နေ့မှ အောက်တိုဘာလ ၄ ရက်နေ့အထိ အလုပ်သဘောအလည်အပတ်ခရီးစဉ်၏ ဆောင်ရွက်မှုများထဲမှ တစ်ခုဖြစ်ကြောင်းသိရပါသည်။ ဆွေးနွေးပွဲတွင် တူနီးရှားနိုင်ငံအထည်အလိပ်နှင့် အထည်အဖွဲ့ချုပ်၏ အတွင်းရေးမှူးချုပ်ဖြစ်သူ Noha Dallagi က တူနီးရှားနိုင်ငံသည် အာဖရိက-အာရပ်ဒေသတွင် အရှိန်အဟုန်ဖြင့် ယှဉ်ပြိုင်နိုင်စွမ်းရှိသော စီးပွားရေးများထဲမှတစ်ခုဖြစ်ပြီး နိုင်ငံတကာအသိုင်းအဝိုင်းနှင့်လည်း နက်ရှိုင်းစွာပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်းပြောကြားခဲ့ပါသည်။ တူနီးရှားသည် လွတ်လပ်သောကုန်သွယ်ရေးသဘောတူညီချက် ၈ခုတွင် ဝင်ရောက်ထားသည့်အတွက် ဗီယက်နမ်အပါအဝင် နိုင်ငံများမှကုန်ပစ္စည်းများ အာဖရိကနှင့် အာရပ်ဈေးကွက်များသို့ ထိုးဖောက်ဝင်ရောက်ရန် ဂိတ်တံခါးတစ်ခုအဖြစ် ယူဆရကြောင်းသိရပါသည်။ နှစ်စဉ်နှစ်တိုင်း၊ ဆန်၊ သကြား၊ ကော်ဖီနှင့် Green Tea အစရှိသည့် ကုန်ပစ္စည်းများနှင့် ကော်ဖီအကြမ်းထည် တန် ၃၀၀၀၀ နှင့် ဆန်တန်ချိန် ၃၀၀၀၀ တင်သွင်းလျက်ရှိကြောင်းသိရပါသည်။ Noha က ဗီယက်နမ်စီးပွားရေးလုပ်ငန်းများအား ပြုပြင်ထုတ်လုပ်ခြင်း၊ နည်းပညာသစ်နှင့် ငါးမွေးမြူရေးအစရှိသည့် ဧရိယာများတွင် တူနီးရှားလုပ်ငန်းများနှင့် မိတ်ဖက်ပြုလုပ်ကြရန် တောင်းဆိုခဲ့ကြောင်းသိရပါသည်။ အယ်ဂျီးရီးယားနှင့် တူနီးရှားဆိုင်ရာ ဗီယက်နမ်ကုန်သွယ်ရေးအတိုင်ပင်ခံပုဂ္ဂိုလ်ဖြစ်သူ Hoang Duc Nhuan က ဗီယက်နမ်၏စီးပွားရေးနှင့်ကုန်သွယ်ရေးအခြေအနေတွင်ပါဝင်သူများ၊ ပို့ကုန်-သွင်းကုန်မူဝါဒများနှင့် ဗီယက်နမ်-တူနီးရှားဆက်ဆံရေး အခြေအနေများကို အကျဉ်းချုပ်ပြောကြား ခဲ့ကြောင်းသိရပါသည်။ ဗီယက်နမ်သည် တူနီးရှားသို့ ကော်ဖီအကြမ်းထည်၊ ငရုတ်ကောင်း၊ သီဟိုဠ်စေ့များ၊ ပင်လယ်စာ၊ စက်ယန္တရားများနှင့် တပ်ဆင်ပစ္စည်းများ၊ အထည်များနှင့် ဖိနပ်အစရှိသည့် ကုန်ပစ္စည်းများတင်ပို့ပြီး ပင်လယ်စာ၊ စွံပလွံသီးများ၊ ဓါတုပစ္စည်းများ၊ ပလတ်စတစ်ထုတ်ကုန်များ၊ အဝတ်အထည်နှင့် တိရိစ္ဆာန်အစာ ထုတ်လုပ်ရန်အတွက် ကုန်ကြမ်းပစ္စည်းများ ပြန်လည်တင်သွင်းကြောင်းသိရှိရပါသည်။
Source : VietnamPlus
DOCA(ရန်ကုန်)