Main menu

ပခုက္ကူဈေးကွက်တွင် အာလူးဈေးတက်ပြီး အရောင်းအဝယ်ဖြစ်

Powered by Drupal

    မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ပခုက္ကူမြို့ ကုန်စိမ်းသီးနှံဈေးကွက်သို့ ရှမ်းပြည်နယ် အောင်ပန်းနှင့် ပေါက်ဒေသထွက် အာလူးများ ဝင်ရောက်အရောင်းအဝယ် ဖြစ်လျက်ရှိပါသည်။ အာလူး သီးနှံသည် ပြည်သူအများ စားသုံးမှုမြင့်မားလျက်ရှိပြီး စားဖိုဆောင်သီးနှံအဖြစ် စားသုံးမှုအပြင် ဒေသတွင်း ကုန်ကြမ်းအာလူးသီးနှံမှတစ်ဆင့် တန်ဖိုးမြှင့်ထုတ်ကုန်အဖြစ် အာလူးကြော်ထုတ်လုပ်မှု လုပ်ငန်းများလည်း တွင်ကျယ်စွာ ဆောင်ရွက်လျက်ရှိ၍ အာလူးသီးနှံမှာ ဒေသတွင်းသုံးစွဲမှုများ၍ အရောင်းအဝယ်သွက်လျက်ရှိကြောင်း ဈေးကွက်မှသိရသည်။

   ၂၀၂၄ခုနှစ်၊ အောက်တိုဘာလ(ပထမပတ်)တွင် အာလူးအလုံးအရွယ်အစားနှင့် အရည်အသွေးလိုက်၍ အာလူး(အလုံးကြီး)ရှယ် တစ်ပိဿာလျှင် ကျပ်(၇၀၀၀)၊ အာလူး(အလုံးလတ်) တစ်ပိဿာလျှင် ကျပ်(၅၀၀၀)၊ အာလူး(အလုံးသေး) တစ်ပိဿာလျှင် ကျပ်(၃၀၀၀)ဈေးဖြင့် အရောင်းအဝယ်ဖြစ်လျက် ရှိပြီး ယခင် စက်တင်ဘာလ(စတုတ္ထပတ်)တွင် အာလူး(အလုံးကြီး)ရှယ် တစ်ပိဿာလျှင် ကျပ် (၆၀၀၀)၊ အာလူး(အလုံးလတ်) တစ်ပိဿာလျှင် ကျပ်(၄၀၀၀)၊ အာလူး(အလုံးသေး) တစ်ပိဿာလျှင် ကျပ် (၂၀၀၀)ဈေးဖြင့် အရောင်းအဝယ်ဖြစ်၍ ဈေးနှုန်းနှိုင်းယှဉ်ရမည်ဆိုလျှင် အာလူးတစ်ပိဿာလျှင် ကျပ်(၁၀၀၀)ခန့် ဈေးတက်ပြီး အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ မိုးတွင်းကာလဖြစ်၍ လမ်းပန်းဆက်သွယ်ရေးအခက်အခဲများကြောင့် ဈေးကွက်သို့ ကုန်ဝင်ရောက်မှုနည်းပြီး ဝယ်ယူစားသုံးမှုမြင့်မားခြင်းကြောင့် ဈေးတက်ရခြင်းဖြစ်ကြောင်း  သိရှိရပါသည်။

DOCA(မကွေး)