ယခုနှစ်၏ ပထမ ၉ လတာကာလတွင် ဗီယက်နမ်၏ ပို့ကုန်-သွင်းကုန်ပမာဏသည် အမေရိကန်ဒေါ်လာ ၅၇၈ ဘီလီယံရှိခဲ့ပြီး လွန်ခဲ့သည့် နှစ်(၂၀၂၃)တူညီသည့် ကာလထက် ၁၆% မြင့်တက်ခဲ့ကြောင်း အထွေထွေစာရင်းအင်းရုံး(GSO)၏ အဆိုအရသိရပါသည်။ စက်တင်ဘာလတွင် ပို့ကုန်သွင်းကုန်ပမာဏ အမေရိကန်ဒေါ်လာ ၆၅.၈ ဘီလီယံရှိခဲ့ပြီး လွန်ခဲ့သည့်နှစ် (၂၀၂၃)တူညီသည့်ကာလထက် ၁၀.၉% မြင့်တက်ခဲ့ကြောင်းသိရပါသည်။ ယခုနှစ်၏ တတိယ ၃ လပတ်ကာလ ပမာဏမှာ အမေရိကန်ဒေါ်လာ ၁၀၈.၆ ဘီလီယံရှိခဲ့ပြီး လွန်ခဲ့သည့်နှစ် တူညီသည့် ကာလထက် ၁၆% မြင့်တက်ခဲ့ကာ ဒုတိယ ၃ လပတ်ကာလထက် ၁၀.၆% မြင့်တက်ခဲ့ကြောင်းသိရပါသည်။ ထို ဇန်နဝါရီလ-စက်တင်ဘာလကာလတွင် အမေရိကန်ဒေါ်လာ ၂၀၉.၆၃ ဘီလီယံတန်ဖိုး ပြည်ပသို့တင်ပို့ခဲ့ပြီး ထိုပမာဏထဲမှ အမေရိကန်ဒေါ်လာ ၈၃ ဘီလီယံသည် ပြည်တွင်းကဏ္ဍမှဖြစ်ကာ အမေရိကန်ဒေါ်လာ ၂၁၆ ဘီလီယံသည် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုကဏ္ဍမှဖြစ်ကြောင်းသိရပါသည်။ ကုန်ပစ္စည်းအမျိုးအစား ၃၀ ခုတင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၁ ဘီလီယံကျော် အသီးသီးရရှိခဲ့ပြီး တင်ပို့မှု ခုနှစ်ခုမှ အမေရိကန်ဒေါ်လာ ၁၀ ဘီလီယံကျော် အသီးသီးရရှိခဲ့ကြောင်းသိရပါသည်။ တစ်ချိန်တည်းမှာပင် စက်တင်ဘာလတွင် အမေရိကန်ဒေါ်လာ ၃၂ ဘီလီယံတန်ဖိုးရှိသည့် ကုန်ပစ္စည်တင်သွင်းခဲ့ပြီး တတိယ ၃ လပတ် ကာလတွင် အမေရိကန်ဒေါ်လာ ၁၀၀ ဘီလီယံတန်ဖိုးနီးပါးတင်သွင်းခဲ့ကြောင်း သိရပါသည်။ ယခုနှစ်၏ ပထမ ၉ လတာကာလတွင် အမေရိကန်ဒေါ်လာ ၂၇၉ ဘီလီယံတန်ဖိုးတင်သွင်းခဲ့ပြီး ထိုထဲမှ အမေရိကန်ဒေါ်လာ ၁၇၈ ဘီလီယံသည် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ကဏ္ဍမှဖြစ်ကြောင်းသိရပါသည်။ ထို ၉ လတာကာလတွင် ကုန်ပစ္စည်းအမျိုးအစား ၄၀ ခုတင်သွင်းမှုတန်ဖိုးသည် အမေရိကန်ဒေါ်လာ ၁ ဘီလီယံကျော်အသီးသီးရှိခဲ့ကြောင်းသိရပါသည်။ ထို ၉ လတာကာလတွင် အမေရိကန်သည် အမေရိကန်ဒေါ်လာ ၉၀ ဘီလီယံဖြင့် ဗီယက်နမ်၏ အကြီးမားဆုံးတင်ပို့ရာ ဈေးကွက်ဖြစ်ပြီး ဗီယက်နမ်က အမေရိကန်ဒေါ်လာ ၇၈.၅ ဘီလီယံဖြင့် ကုန်သွယ်ရေးပိုငွေပြကြောင်းသိရပါသည်။ တစ်ချိန်တည်းမှာပင် တရုတ်နိုင်ငံက အမေရိကန်ဒေါ်လာ ၁၀၅ ဘီလီယံဖြင့် ဗီယက်နမ်ကအကြီးမားဆုံးတင်သွင်းသည့်နိုင်ငံဖြစ်ပြီး ဗီယက်နမ်က အမေရိကန် ဒေါ်လာ ၆၁ ဘီလီယံ ကုန်သွယ်ရေးလိုငွေဖြစ်ကြောင်းသိရပါသည်။ စုစုပေါင်းအနေဖြင့် ဗီယက်နမ်သည် စက်တင်ဘာလ တွင် အမေရိကန်ဒေါ်လာ ၂.၃ ဘီလီယံ ယခုနှစ်ပထမ ၉ လတာကာလတွင် အမေရိကန်ဒေါ်လာ ၂၀.၇၉ ဘီလီယံ ကုန်သွယ်ရေးပိုငွေခံစားရရှိခဲ့ပြီး လွန်ခဲ့သည့် နှစ်ပထမ ၉ လတာ ကာလထက် ၂၂.၁% မြင့်တက်ခဲ့ကြောင်းသိရှိသည်။
Source : VietnamPlus
DOCA(ရန်ကုန်)