တရုတ်လျှပ်စစ်ကား ကုမ္ပဏီကြီး BYD သည် ၎င်း၏ ၁၂ မီတာ K9UD လျှပ်စစ်ဘတ်စ်ကားအစီးရေ ၁၀၀ ကို ဥရုဂွေးနိုင်ငံ၏ အကြီးဆုံးအများပြည်သူသယ်ယူပို့ဆောင်ရေးအော်ပရေတာသို့ စက်တင်ဘာ ၁၉ ရက်နေ့က စတင်ပို့ဆောင်ခဲ့သည်။ BYD ကုမ္ပဏီသည် လက်တင်အမေရိက သယ်ယူပို့ဆောင်ရေးဈေးကွက်တွင် ၎င်း၏တည်ရှိမှုကို ချဲ့ထွင်ထားသည်ဖြစ်ရာကုန်ပို့ဆောင်မှုသည် BYD ကုမ္ပဏီအတွက် နောက်ထပ်ရောင်းချမှုတစ်ခုပင်ဖြစ်သည်။ BYD ၏ တရားဝင်သတင်းထုတ်ပြန်ချက်တွင် K9UD ၏ အသေးစိတ်အချက်အလက်များကို မဖော်ပြထား သောကြောင့် ၎င်းသည်ဥရောပဗာရှင်းဖြစ်သော 12 m spec တွင် ၁၉.၅ တန် GVWR ပါရှိပြီး လူ ၈၅ ဦးဆံ့ကာ ၎င်း၏ ၄၂၂ kWh Lithium-ion phosphate battery သည် ၄၅၀ ကီလိုမီတာ (မိုင် ၂၈၀ ခန့် ) အကွာဝေးထိမောင်းနှင်နိုင်မည်ဖြစ်သည်။ လျှပ်စစ်ဘတ်စ်ကားကြီးများအတွက် စွမ်းအား ၁၅၀ kW in-Wheel လျှပ်စစ်မော်တာမှရရှိပြီး စုစုပေါင်းမြင်းကောင်ရေ ၄၀၀ ခန့် အထိတိုးမြှင့်ပေးမည်ဖြစ်သည်။ တစ်နည်းဆိုသော် ဘတ်စ်ကားများကို မောင်းနှင်ရန်နှင့် ယာဉ်ကြောများစီဆင်းနေစေရန်လုံလောက်သောစွမ်းအင်ပမာဏပင်ဖြစ်သည်။ ဥရုဂွေးနိုင်ငံသည် သယ်ယူပို့ဆောင်ရေးလုပ်ငန်းများတွင် ကာဗွန်ဒိုင်အောက်ဆိုဒ်ထုတ်လွှတ်မှုကို လျော့ချနိုင်အောင်ဆောင်ရွက်နေစဉ်တွင် ဘရာဇီး၊ ချီလီ၊ ကိုလံဘီယာ၊ အီကွေဒေါနိုင်ငံတို့နှင့်အတူ BYD ၏ ဖောက်သည်နိုင်ငံဖြစ်လာခဲ့ကြောင်းသိရှိရပါသည်။
Source: electrek
DOCA(ရန်ကုန်)