Main menu

လက်ပံတန်းမြို့ ချင်းနှင့်ကြက်သွန်ဖြူဈေးနှုန်းဈေးကွက်အခြေအနေ

Powered by Drupal

         ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့၊ စည်ပင်သာယာဈေးတွင်းရှိသော ချင်းဈေးနှုန်းများမှာ စက်တင်ဘာလ ဒုတိယပတ်တွင် ချင်း(၁၀)ကျပ်သားလျှင် ၁၀၀၀ကျပ်ရှိခဲ့ပြီး ဇူလိုင်လ နောက်ဆုံးပတ်တွင် (၁၀၀၀) ကျပ်ရှိနေပါသည်။ အောက်တိုဘာလ တတိယပတ်တွင်လည်း  ချင်းဈေးနှုန်းမှာ   (၁၀၀၀)ကျပ်ဈေးနှုန်းဖြင့် ဈေးနှုန်းတည်ငြိမ်နေပါသည်။

          ကြက်သွန်ဖြူဈေးနှုန်းများအနေဖြင့် စက်တင်ဘာလ နောက်ဆုံးပတ်တွင် ကြက်သွန်ဖြူ (ကြူကုတ်) ၁၀ကျပ်သားလျှင် ၂၀၀၀ကျပ်၊ ယခု အောက်တိုဘာလ ဒုတိယပတ်တွင်လည်း ဈေးနှုန်းအပြောင်းအလဲမရှိဘဲ ဈေးနှုန်းတည် ငြိမ်နေပါသည်။

          ကြက်သွန်ဖြူ(ရှမ်းစ) ဈေးနှုန်းအနေဖြင့် စက်တင်ဘာလ နောက်ဆုံးပတ်တွင် (၁၀) ကျပ်သားလျှင် (၁၃၀၀-၁၅၀၀)ကျပ်ပေါက်ဈေးရှိနေပြီး ယခုအောက်တိုဘာလ ဒုတိယပတ်တွင် ကြက်သွန်ဖြူ (ရှမ်းစ) ၁၀ကျပ်သားလျှင် ၁၅၀၀ကျပ်ဈေးတို့ဖြင့် အရောင်းအဝယ်ဖြစ်နေပါသည်။ ကြက်သွန်ဖြူဥတစ်လုံးဈေးကွက်လည်းရှိနေပြီး တစ်ဆယ်ကျပ်သားလျှင် ၂၀၀၀ကျပ်ဈေးနှုန်းဖြင့် အရောင်းအဝယ်ဖြစ်နေကြကြောင်းသိရှိရပါသည်။

DOCA(ပဲခူး)