Main menu

လက်ပံတန်းမြို့မဈေးအတွင်းမှ ကြက်သွန်နီနှင့်အာလူးဈေးကွက်

Powered by Drupal

          ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့မဈေးအတွင်း ရောင်းချလျက်ရှိသော ကြက်သွန်နီဈေးနှုန်းများမှာ စက်တင်ဘာလ ဒုတိယပတ်မှ အောက်တိုဘာလ ဒုတိယပတ်အထိ ကြက်သွန်နီ(အကြီး) လက်လီဈေးနှုန်း တစ်ပိဿာလျှင် (၂၅၀၀-၂၈၀၀)ကျပ်ဈေးနှုန်းဖြင့် အရောင်းအဝယ်ရှိနေခဲ့ပြီး စက်တင်ဘာလ ဒုတိယပတ်ထိ (၂၅၀၀-၂၈၀၀) ဈေးနှုန်းဖြင့် ဈေးငြိမ်နေပြီး ရောင်းချလျက်ရှိကြောင်းသိရှိရပါသည်။

        အာလူးဈေးကွက်ရောင်းချမှုအနေဖြင့် စက်တင်ဘာလ ဒုတိယပတ်တွင် အာလူးတစ်ပိဿာလျှင် (၅၀၀၀-၆၀၀၀)ကျပ်ပေါက်ဈေးဖြင့် အရောင်းအဝယ်ရှိနေခဲ့ပြီး စက်တင်ဘာလ နောက်ဆုံးပတ်တွင် (၆၀၀၀-၇၀၀၀)ကျပ်၊ အောက်တိုဘာလ ဒုတိယပတ်တွင် အာလူးဈေးနှုန်းများဆက်လက်မြင့်တက်လာခဲ့ရာ (၇၀၀၀-၈၀၀၀)ကျပ်ဈေးနှုန်းဖြင့် အရောင်းအဝယ်ဖြစ်နေသဖြင့် အာလူးဈေးနှုန်း /ဈေးကွက်အခြေအနေမှာ ဈေးနှုန်းမြင့်တက်သွားကြောင်းသိရှိရပါသည်။

DOCA(ပဲခူး)