ရန်ကုန်တိုင်းဒေသကြီး လှိုင်မြို့နယ်၊ သီရိမင်္ဂလာဈေးတွင် အောက်တိုဘာလ (၂) ရက်နေ့မှ အောက်တိုဘာလ (၇) ရက် နေ့အထိဖြစ်ပေါ်ခဲ့သော ပြည်မှဩဇာသီးခြင်းတစ်ခြင်း အလုံးကြီး ကျပ် ၈၀၀၀၊ အလုံးလတ် ကျပ် ၆၀၀၀ ၊ မုံရွာ မှ ဖရဲသီး(ဘာဟု) အလုံးကြီး ကျပ် ၃၅၀၀၊ အလုံးလတ်ကျပ် ၂၅၀၀၊ အလုံးသေး ကျပ် ၁၅၀၀၊ ဝမ်းတွင်း၊ မြင်းခြံ မှ ဖရဲသီး(၂၁၁) အလုံးကြီး ကျပ် ၂၅၀၀၊ အလုံးလတ်ကျပ် ၂၀၀၀၊ အလုံးသေး ကျပ် ၁၅၀၀၊ ပြင်ဦးလွင်မှ နဂါးမောက်သီးဂျပ်ဖာအလုံးကြီး ကျပ် ၁၈၀၀၀၊ အလုံးလတ် ကျပ် ၁၅၀၀၀ ၊ အလုံးသေး ကျပ် ၉၀၀၀ ၊ မော်လမြိုင်မှကျွဲကောသီး အလုံးကြီး ကျပ် ၇၀၀၀၊ အလုံးလတ် ကျပ် ၆၀၀၀၊ အလုံးသေး ကျပ် ၅၀၀၀ ၊ ယိုးဒယား လိမ္မော်သီး အလုံးကြီးကျပ် ၂၃၀၀၊ ကလောမှ ပန်းသီးအလုံးကြီးခြင်းတစ်ခြင်း ကျပ် ၄၉၀၀၀၊ အလုံးလတ် ကျပ် ၃၇၀၀၀၊ ပုပ္ပါး မှ မာလကာသီး အိတ်ကြီးတစ်အိတ် အလုံးကြီး ကျပ် ၄၀၀၀၀၊ မန္တလေး မှ မာလကာသီး အိတ်ကြီးတစ်အိတ် အလုံးကြီး ကျပ် ၉၀၀၀၀၊ မှော်ဘီ မှ ကလောဥ အိတ်တစ်အိတ် ကျပ် ၄၀၀၀၀၊ အောင်ပန်း မှ ထောပတ်သီး အလုံးကြီး ကျပ် ၁၅၀၀ ဈေးတို့ရှိကြောင်း သီရိမင်္ဂလာဈေးရှိ မြန်မာနိုင်ငံသစ်သီးဝလံ ပန်းမန်ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချသူများအသင်း (MFVP) မှ သိရှိရပါသည်။
DOCA(ရန်ကုန်)