Main menu

မြောင်းမြမြို့တွင်း အရောင်းအဝယ်ဖြစ်နေသော ကွမ်းသီးဈေးကွက်

Powered by Drupal

          ဧရာဝတီတိုင်းဒေသကြီးတွင် ကွမ်းသီးစိုက်ဧက (၂၁၈၆၂) ဧကရှိပြီး မြောင်းမြမြို့တွင် စိုက်ဧက (၃၅၆၉) ဧကစိုက်ပျိုးလျက်ရှိရာ ပြည်တွင်း/ပြည်ပဈေးကွက်တွင် ကွမ်းသီးအနုထွက်ရှိချိန် မတ်လမှ ဩဂုတ်လအတွင်း ကွမ်းသီးအနု (အရည်သောက်)များကို ပြည်ပဈေးကွက်သို့ တင်ပို့ရောင်းချလျက်ရှိပြီး ကွမ်းသီးအရင့်များကို ဒေသတွင်းစားသုံးရန် အရောင်းအဝယ်ဖြစ်နေကြောင်း ဈေးကွက်မှသိရသည်။

         မြောင်းမြဈေးကွက်တွင် ယခင်နှစ် ပြည်ပသို့တင်ပို့သော ကွမ်းသီးအနုအရည်သောက်တစ်ပိဿာလျှင် ကျပ်၃၃၀၀ဈေးရှိပြီး ယခုနှစ်ကွမ်းသီးအနု အရည်သောက်တစ်ပိဿာလျှင် ကျပ်၁၀၆၀၀ဈေးရရှိသည့်အတွက် ယခင်နှစ်ကာလတူဈေးနှုန်းနှင့်နှိုင်းယှဉ်ပါက တစ်ပိဿာလျှင် ကျပ်၇၃၀၀ဈေးနှုန်းပိုမိုရရှိပြီး ကွမ်းသီးအရင့်ဈေးနှုန်းမှာ ယခင်နှစ်တွင် တစ်ပိဿာလျှင် ကျပ်၆၀၀၀ဈေးရရှိခဲ့၍ ယခုနှစ်တွင် တစ်ပိဿာလျှင် ကျပ်၁၀၀၀၀ဈေးရရှိသည့်အတွက် ယခင်နှစ်ကာလတူနှင့်နှိုင်းယှဉ်ပါက ကွမ်းသီးအရင့်တစ်ပိဿာလျှင် ကျပ်၄၀၀၀ဈေးပို၍ရရှိပြီး ကွမ်းသီးစိုက်ပျိုးသောတောင်သူများ တွက်ချေကိုက်လျက်ရှိကြောင်း ဈေးကွက်မှသိရှိရပါသည်။

DOCA(ဧရာဝတီ)