Main menu

ညောင်တုန်းမြို့နယ်ရှိ စိုက်ပျိုးရေးထွက်ကုန် ငရုတ်သီးဈေးကွက်

Powered by Drupal

          ဧရာဝတီတိုင်းဒေသကြီး၊ ညောင်တုန်းမြို့နယ်၏ မြေဩဇာကောင်းမွန်သော နုန်းမြေပေါ်တွင် ငရုတ်သီးစိုက်ပျိုးရန် အကောင်းဆုံးဖြစ်ပြီး ဟင်းခတ်အမွှေးအကြိုင်သီးနှံ၌ မပါမဖြစ်သုံးစွဲနေသော ငရုတ်သီးကို ပြည်ပသို့တင်ပို့ရန်နှင့် ပြည်တွင်းသုံးစွဲရန် နှစ်စဉ် မိုးရာသီနှင့် ဆောင်းရာသီတို့တွင် စိုက်ဧက (၁၂၀၀၀) ခန့်စိုက်ပျိုးလျက်ရှိကြောင်းသိရသည်။

          ညောင်တုန်းမြို့ဈေးကွက်တွင် အရောင်းအဝယ်ဖြစ်လျက်ရှိသော ငရုတ်သီးဈေးနှုန်းမှာ ယခင်နှစ်တွင် (၁) ပိဿာလျှင် ကျပ် (၄၀၀၀/၅၀၀၀) ဈေးဖြင့် အရောင်းအဝယ်ဖြစ်ခဲ့သော်လည်း ယခုနှစ် ငရုတ်သီးဈေးနှုန်းမှာ (၁) ပိဿာလျှင် ကျပ် (၇၀၀၀) ခန့်ရရှိသည့်အတွက် ငရုတ်စိုက်ပျိုးသောတောင်သူများ တွက်ချေကိုက်လျက်ရှိကြောင်း ငရုတ် (၁) ပိဿာဈေးနှုန်းမှာ ယခင်နှစ်နှင့် ယခုနှစ်ကာလတူဈေးနှုန်းတို့ကိုနှိုင်းယှဉ်ပါက (၁) ပိဿာလျှင် ကျပ် (၂၀၀၀/၃၀၀၀) ခန့်ပိုမိုရရှိကြောင်း ငရုတ်သီးဈေးကွက်မှသိရှိရပါသည်။

DOCA(ဧရာဝတီ)