ပြည်တွင်း/ ပြည်ပဈေးကွက်တွင် အရောင်းအဝယ်ဖြစ်နေသော စက်မှုကုန်ကြမ်း ပီလောပီနံကို ဧရာဝတီတိုင်းဒေသကြီးအတွင်း နှစ်စဉ် ပီလောပီနံစိုက်ဧက (၃၀၀၀၀) ခန့်စိုက်ပျိုးလျက်ရှိရာ ကျုံပျော်ခရိုင်တွင် ပီလောပီနံစိုက်ဧက (၂၀၀၀၀) ခန့်ဖြင့် အများဆုံးစိုက်ပျိုးလျက်ရှိကြောင်းသိရသည်။
ပီလောပီနံအမှုန့်ကို ပြည်ပတင်ပို့ခြင်းနှင့် ပြည်တွင်းဈေးကွက်တွင် သာကူစေ့ပြုလုပ်ခြင်း၊ မုန့်အမျိုးမျိုးတွင်သုံးစွဲခြင်း၊ စားသောက်ကုန်များတွင် အသုံးပြုလျက်ရှိပြီး ပီလောပီနံမှ အမှုန့်ပြုလုပ်၍ ကျန်ရှိသည့်စစ်ဖတ်များကို လက်တစ်ဆုပ်စာအလုံးများပြုလုပ်ပြီး အခြောက်လှန်းကာ တိရိစ္ဆာန်အစာအဖြစ် အသုံးပြုလျက်ရှိကြောင်း ဈေးကွက်မှသိရသည်။
ကျုံပျော်မြို့နယ်တွင် ယခင်နှစ် ပီလောပီနံမှုန့် ၁ပိဿာလျှင် ကျပ် ၂၇၀၀/၂၈၀၀၊ ပီလောပီနံစစ်ဖတ်အလုံး ၁တင်းလျှင် ကျပ် ၃၅၀၀/၃၈၀၀ ဈေးဖြင့်အရောင်းအဝယ်ဖြစ်၍ ယခုနှစ် ပီလောပီနံမှုန့် ၁ပိဿာလျှင် ၂၃၅၀/၂၄၀၀ ကျပ်ဈေးနှင့် ပီလောပီနံစစ်ဖတ်အလုံး ၁ပိဿာလျှင် ကျပ် ၁၇၀၀/၁၈၀၀ ဖြစ်သွား၍ ယခင်နှစ်ကာလတူဈေးနှုန်းနှင့်နှိုင်းယှဉ်ပါက ပီလောပီနံမှုန့် ၁ပိဿာလျှင် ကျပ်၄၀၀နှင့် ပီလောပီနံစစ်ဖတ် ၁ပိဿာလျှင် ကျပ်၂၀၀၀ခန့်ဈေးနှုန်းကျဆင်းလျက်ရှိကြောင်း ပီလောပီနံဈေးကွက်မှသိရပါသည်။
DOCA(ဧရာဝတီ)