ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ ပြည်ပပို့ကုန်များတွင် ဈေးကွက်ခိုင်မာစွာရရှိနေသော ပဲတီစိမ်းကို ၂၅၆၀၅၉ဧကစိုက်ပျိုးလျက်ရှိပြီး ထွက်ရှိလာသောပဲတီစိမ်းများကို ရန်ကုန်မြို့သို့ တင်ပို့ရောင်းချလျက် ရန်ကုန်မှတစ်ဆင့် တရုတ်၊ အိန္ဒိယနှင့် အခြားပြည်ပနိုင်ငံများသို့ တင်ပို့ရောင်းချလျက်ရှိကြောင်းသိရသည်၊၊
မြန်မာနိုင်ငံမှထွက်ရှိသော ပဲတီစိမ်းများကို ပြည်ပနိုင်ငံများသို့ ကုန်သွယ်ရေးနည်းလမ်းများဖြစ်သော ပင်လယ်ရေကြောင်းနှင့် နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းများဖြင့်တင်ပို့လျက်ရှိပြီး ကျုံပျော်ခရိုင်တွင် ပဲတီစိမ်းစိုက်ဧက (၆၇၆၂၂) ရှိ၍ ယခင်နှစ်ကျုံပျော်ဈေးကွက်တွင် ပဲတီစိမ်း ၁တင်းလျှင် ကျပ်၉၀၀၀၀ဈေးနှုန်းဖြင့်အရောင်းအဝယ်ဖြစ်ပြီး ယခုနှစ်ဈေးကွက်တွင် ပဲတီစိမ်း ၁တင်းလျှင် ကျပ်၁၁၀၀၀၀ဈေးဖြစ်သွား၍ ယခင်နှစ်ကာလတူဈေးနှုန်းနှင့်နှိုင်းယှဉ်ပါက ပဲတီစိမ်း ၁တင်းလျှင် ကျပ်၂၀၀၀၀ဈေးနှုန်းပိုမိုရရှိသည့်အတွက် ပဲတီစိမ်းစိုက်ပျိုးသောတောင်သူများ ဈေးကောင်းရလျက်ရှိကြောင်း ကျုံပျော်ဈေးကွက်မှသိရှိရပါသည်၊၊
DOCA(ဧရာဝတီ)