Main menu

ဟင်္သာတမြို့နယ်ရှိ ပြည်ပပို့ကုန် မတ်ပဲဈေးကွက်

Powered by Drupal

          ဧရာဝတီတိုင်းဒေသကြီးအတွင်း နိုင်ငံခြားဝင်ငွေရှာဖွေပေးနေသော အဓိကပို့ကုန် မတ်ပဲကို တိုင်းအတွင်းခရိုင်မြို့နယ်များတွင် နှစ်စဉ် (၉၉၉၄၂၉) ဧကစိုက်ပျိုးလျက်ရှိပြီး ဟင်္သာတခရိုင်တွင် (၂၅၀၁၅၅) ဧကစိုက်ပျိုး၍ မိုးစပါးရိတ်သိမ်းပြီးကာလ ဆောင်းရာသီတွင် တစ်မိုးလျှင် နှစ်သီးသီးသည့် သီးနှံဖြစ်သောကြောင့် တောင်သူများ ဝင်ငွေကောင်းနေ‌သော သီးနှံတစ်ခုလည်းဖြစ်ပါသည်၊၊

          နိုင်ငံတော်အတွင်းရှိ စိုက်ပျိုးသီးနှံများအနက် ပဉ္စမမြောက် စိုက်ဧရိယာအများဆုံးစိုက်ပျိုးသော သီးနှံဖြစ်သည့်အပြင် မြန်မာနိုင်ငံမှ ပြည်ပသို့တင်ပို့လျက်ရှိသောပဲများတွင် တန်ချိန်အရသော်လည်းကောင်း၊ တန်ဖိုးအရသော်လည်းကောင်း အများဆုံးတင်ပို့သော ပဲအမျိုးအစားလည်းဖြစ်ပြီး ဟင်္သာတကုန်စည်ဒိုင်တွင် အရောင်းအဝယ်ဖြစ်နေသောမတ်ပဲဈေးနှုန်းမှာ ယခင်နှစ်တွင် မတ်ပဲ ၁တင်းလျှင် ကျပ်၈၀၀၀၀ဈေးနှုန်းဖြင့် အရောင်းအဝယ်ဖြစ်ခဲ့သော်လည်း ယခုနှစ်မတ်ပဲဈေးကွက်တွင် ၁တင်းလျှင် ကျပ်၁၂၀၀၀၀ဈေးနှုန်းမြင့်တက်လျက်ရှိသောကြောင့် ယခင်နှစ်ကာလတူဈေးနှုန်းနှင့် ယခုနှစ်ဈေးနှုန်းတို့ကိုနှိုင်းယှဉ်ပါက မတ်ပဲ ၁တင်းလျှင် ကျပ်၄၀၀၀၀ခန့်မြင့်တက်လျက်ရှိသည့်အတွက် မတ်ပဲစိုက်ပျိုးသော တောင်သူ၊  ကုန်သည်များ ယခင်နှစ်ထက် ဈေး‌ကောင်းရလျက်ရှိကြောင်း ဟင်္သာတပဲမျိုးစုံဈေးကွက်မှသိရှိရပါသည်၊၊

DOCA(ဧရာဝတီ)