Main menu

တောင်ကြီးမြို့တွင် ဖယောင်းတိုင်နှင့် လက်လုပ်မီးပုံးများ အရောင်းသွက်

Powered by Drupal

    ဝါလကင်းလွတ်သီတင်းကျွတ်အချိန်အခါကာလသို့ ရောက်ရှိတော့မည်ဖြစ်သဖြင့် တောင်ကြီး မြို့ရှိ ဈေး၊ Market နှင့် စတိုးဆိုင်များတွင် အရောင်းအဝယ်အသွက်ဆုံး ကုန်ပစ္စည်းများထဲတွင် ဖယောင်းတိုင်နှင့်လက်လုပ်မီးပုံးများအပါအဝင် ဖြစ်ပါသည်။

     တောင်ကြီးဈေးကွက်တွင် အရောင်းအဝယ်အသွက်ဆုံးဖယောင်းတိုင်များမှာ ကမ္ဘာ့ဖလား၊ နေလ၊ ရွှေတောင်၊ လက်(ချ်)မီး စသည့်တံဆိပ်များမှာ ရောင်းရအသွက်ဆုံးတံဆိပ်များဖြစ်ပါသည်။ ဖယောင်းတိုင်များမှာ အရွယ်အစားအလိုက် ဈေးအမျိုးမျိုးဖြင့် ရောင်းချလျက်ရှိရာ ဖယောင်းတိုင် အသေး(၂၀)တိုင်ပါတစ်ထုပ်လျှင် (၁၅၀ဝိ/-)ကျပ်၊ ဖယောင်းတိုင်အလတ်(၂၀)တိုင်ပါတစ်ထုပ်လျှင် (၁၉၀ဝိ/-)ကျပ်၊ ဖယောင်းတိုင်အကြီး(၆)တိုင်ပါ တစ်ထုပ်လျှင် (၂၂၀ဝိ/-)ကျပ်ဖြင့် အသီးသီး ရောင်းချလျက်ရှိပါသည်။ လက်လုပ်မီးပုံးများမှာလည်း အရွယ်အစားအလိုက် ဈေးအမျိုးမျိုးဖြင့် ရောင်းချလျက်ရှိပြီး (၃၀၀ဝိ/-)ကျပ်မှ (၅၀၀ဝိ/-)ကျပ် ဈေးနှုန်းဖြင့် ရောင်းချလျက်ရှိကြောင်း သိရှိရသည်။

DOCA(ရှမ်း)