ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ စိုက်ပျိုးရေးကဏ္ဍတွင် ပြည်တွင်း/ ပြည်ပဝယ်လိုအားရှိသော နှစ်ရှည်သီးနှံ (စက်မှုကုန်ကြမ်း) ရော်ဘာကို ပုသိမ်ခရိုင်၊ ကျုံပျော်ခရိုင်၊ ဟင်္သာတခရိုင်၊ မြန်အောင်ခရိုင်နှင့် မြောင်းမြခရိုင်အပါအဝင် တစ်တိုင်းလုံးအနေဖြင့် စိုက်ဧက ၃၆၂၇၅ဧကစိုက်ပျိုးလျက်ရှိပြီး ထွက်ရှိလာသောရော်ဘာစေးများကို ဖောမစ်အက်စစ်နှင့် သတ်မှတ်ထားသော အချိုးအစားအတိုင်းရောစပ်ပြီး ခွက်ဖြင့်ပုံသွင်း၍ အေးခဲပြီး ၂ပေါင်၊ ၃ပေါင်၊ ၄ပေါင်အလေးချိန်ရှိ ရော်ဘာပြားများကို ၄/ ၅/ ၆ ရက်နေလှမ်းပြီး ပုသိမ်မြို့ရှိ ရော်ဘာစိုက်ပျိုးသော ကုမ္ပဏီ၊ တောင်သူများက ရန်ကုန်မှတစ်ဆင့် ပြည်ပနှင့် ပြည်တွင်းဈေးကွက်သို့ ရောင်းချလျက်ရှိကြောင်းသိရသည်၊၊
ပုသိမ်ရော်ဘာဈေးကွက်၌ ယခင် ၂၀၂၃ခုနှစ်၊ အောက်တိုဘာလမှ ၂၀၂၄ခုနှစ်၊ မေလအထိ ရော်ဘာတစ်ပေါင်ဈေးနှုန်းမှာ ကျပ် ၁၆၅၀/ ၂၂၅၀ ဈေးနှုန်းဖြင့်ရောင်းဝယ်လျက်ရှိပြီး ယခု ၂၀၂၄ခုနှစ်၊ အောက်တိုဘာလတွင် ရော်ဘာတစ်ပေါင်ဈေးနှုန်းမှာ ကျပ်၃၀၀၀ခန့်ရှိ၍ ယခင်နှစ်ကာလတူဈေးနှုန်းနှင့်နှိုင်းယှဉ်ပါက ရော်ဘာတစ်ပေါင်လျှင် ကျပ်၁၄၀၀ခန့်မြင့်တက်လျက်ရှိကြောင်း ရော်ဘာဈေးကွက်မှသိရှိရပါသည်။
DOCA(ဧရာဝတီ)