![](http://www.doca.gov.mm/sites/default/files/styles/consumer_inner_image__847x424_/public/8_28.jpg?itok=ygskaj75)
ရန်ကုန်တိုင်းဒေသကြီးသို့ ပြည်နယ်နှင့် တိုင်းဒေသကြီးအသီးသီးမှဝင်ရောက်လာသည့် ကြက်သွန်နီများသည် အနောက်ပိုင်းခရိုင်၊ စားသုံးသူရေးရာဦးစီးဌာန ကွပ်ကဲမှုအောက်ရှိ ဘုရင့်နောင်ကုန်စည်ဒိုင်သို့ နေ့စဉ်မော်တော်ယာဉ်များဖြင့် ဝင်ရောက်လျက်ရှိပါသည်။ ပွဲရုံများ၏ ကြက်သွန်နီလက်ကျန်အခြေအနေများအား အမှန်ကန်ဆုံးသိရှိနိုင်ရန်အတွက် ဘုရင့်နောင်ပွဲရုံဝင်းအတွင်းရှိ ကြက်သွန်နီပွဲရုံ (၄၀) အနက် Random စနစ်ဖြင့် ပွဲရုံ (၁၀) ရုံအား မေးမြန်းချက်များအရလည်းကောင်း၊ ဘုရင့်နောင်ကုန်စည်ဒိုင်သို့ ကြက်သွန်နီနေ့စဉ်ဝင်ရောက်မှု စာရင်းများအရလည်းကောင်း၊ ကြက်သွန်နီလက်ကျန်အခြေအနေအား နေ့စဉ်စုံစမ်းလျက်ရှိပါသည်။ အောက်တိုဘာလ (၁) ရက်မှ အောက်တိုဘာ လ (၇) ရက်နေ့အထိ ဘုရင့်နောင်ကုန်စည်ဒိုင်သို့ ကြက်သွန်နီ ဝင်ရောက်ရာဒေသများဖြစ်သည့် ဆိပ်ဖြူ၊ မြင်းခြံဒေသတို့မှ ကြက်သွန်နီ (၆၃၀၀၀၀) ပိဿာဝင်ရောက်ခဲ့ပြီး (၆၀) ရာခိုင်နှုန်းခန့် ပြန်လည်စီးထွက်မှုရှိကြောင်းသိရှိရပါသည်။ ထို့ကြောင့် ကြက်သွန်နီလက်ကျန်မှာ (၂၅၂၀၀၀) ကျန်ရှိကြောင်း ကုန်စည်ဒိုင်သတင်းအရသိရှိရသည်။ ဆိပ်ဖြူ ကြက်သွန်နီ (အသစ်) အချော တစ်ပိဿာ ကျပ် ၁၄၀၀၊ အသန့်မှာ တစ်ပိဿာ ကျပ် ၂၀၅၀၊ အကြီးမှာ ကျပ် ၂၄၅၀၊ ရှယ်မှာ ကျပ် ၂၅၅၀၊ မြင်းခြံ ကြက်သွန်နီ (အသစ်) အချော တစ်ပိဿာ ကျပ် ၁၃၀၀၊ အသန့်မှာ တစ်ပိဿာ ကျပ် ၁၈၀၀ ၊ အကြီးမှာ ကျပ် ၂၁၅၀၊ ရှယ်မှာ ကျပ် ၂၃၅၀ ဈေးတို့အသီးသီးရှိကြောင်းစုံစမ်းသိရှိရပါသည်။
DOCA(ရန်ကုန်)