Main menu

ပန်းတနော်ဆန်စက်လုပ်ငန်းရှင်များနှင့်တွေ့ဆုံ၍ စပါးဆန်အခြေအနေနှင့် အရေးကြီးကုန်စည် ဝန်ဆောင်မှုဥပဒေကိစ္စရပ်များအကြောင်း တွေ့ဆုံဆွေးနွေး

Powered by Drupal

         ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ်တာဝန်ခံရုံးတွင်  မအူပင်ခရိုင်ဦးစီးမှူး ဦးဇော်မင်းနှင့်ဝန်ထမ်းများသည်  (၈-၁၀-၂၀၂၄) ရက်နေ့၊ နံနက် (၁၀:၃၀) နာရီအချိန်တွင် ပန်းတနော်မြို့နယ်ဦးစီးမှူးရုံး၌ ဆန်စက်လုပ်ငန်းရှင်များ၊ ဆန်ကုန်သည် (၉)ဦးအား စားသုံးသူကာကွယ်ရေးနှင့် အရေးကြီးကုန်စည်ဝန်ဆောင်မှုဥပဒေနှင့်စပ်လျဉ်း၍ အသိပညာပေးဆွေးနွေးခဲ့ကြသည်။

           အဆိုပါဆွေးနွေးပွဲတွင် မအူပင်ခရိုင်ဦးစီးမှူး ဦးဇော်မင်းက ပန်းတနော်လုပ်ငန်းရှင်များကို အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေပါ အမိန့်၊ ညွှန်ကြားချက်များ၊ အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုအဓိပ္ပါယ်အကြောင်း၊ ဆန်စက်နှင့် ဆန်ရောင်းချသည့်လုပ်ငန်းရှင်များကို မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်မှ သတ်မှတ်ထုတ်ပြန်ထားသော ရည်ညွှန်းဈေးအတိုင်းရောင်းချရန်၊ ဒေသတွင်းထွက်ဆန်များဖြစ်ပါက သတ်မှတ်ရည်ညွှန်းဈေးအပေါ် လုပ်သားခပေါင်း၍ အမြတ်၅ရာခိုင်နှုန်းတင်၍ရောင်းချရန်၊ မိမိတို့ဒေသတွင် ပေါ်ဆန်းဆန်စိုက်ပျိုးမှုနည်းပါးခြင်းကြောင့် နယ်မြေကျော်ဝယ်ယူရောင်းချပါက သတ်မှတ်ရည်ညွှန်းဈေးအပေါ် လုပ်သားခအပါအဝင် ၇ရာခိုင်နှုန်းသာအမြတ်ထား၍ရောင်းချရန်၊ သတ်မှတ်ရည်ညွှန်းဈေးအထက် ဈေးနှုန်းများစွာကြီးမြင့်ရောင်းချနေမှုကိုစစ်ဆေးတွေ့ရှိပါက တည်ဆဲဥပဒေအရ အရေးယူဆောင်ရွက်ခံရမည်ဖြစ်ကြောင်းကိုဆွေးနွေးခြင်း၊  စပါးဆန်နှင့် ပဲမျိုးစုံကြိတ်ခွဲစက်များတည်ဆောင်ခြင်း၊ မှတ်ပုံတင်ခြင်း၊ ပြောင်းရွှေ့ခြင်း၊ ဖျက်သိမ်းခြင်းဆိုင်ရာ အမိန့်ကိုရုပ်သိမ်းသည့် အမိန့်အကြောင်းကိုလည်းကောင်း လုပ်ငန်းရှင်များသိရှိနိုင်ရန် ဆွေးနွေးခဲ့ကြောင်းသိရှိရပါသည်။

DOCA(ဧရာဝတီ)