Main menu

၂၀၂၅ ခုနှစ်တွင် ကြက်သားတင်သွင်းမှုမြင့်တက်လာမည့် ဖိလစ်ပိုင်နိုင်ငံ

Powered by Drupal

        ဒေသတွင်းထုတ်လုပ်မှု မလုံလောက်သောကြောင့် မြင့်တက်လာသောဝယ်လိုအားကို ဖြည့်ဆည်းနိုင်ရန်အတွက် ၂၀၂၅ ခုနှစ်တွင် ဖိလစ်ပိုင်နိုင်ငံအတွင်းသို့ ကြက်သားတင်သွင်းမှုတိုးလာနိုင်သည်ဟု ခန့်မှန်းထားကြသည်။ US စိုက်ပျိုးရေးဌာန၏(USDA) နိုင်ငံခြားစိုက်ပျိုးရေးဝန်ဆောင်မှုမှ အစီရင်ခံစာတွင် နိုင်ငံ၏ကြက်သားတင်သွင်းမှုသည် ၂၀၂၅ ခုနှစ်တွင် ၄၈၀၀၀၀ မတ်ထရစ်တန်(MT) ရှိမည်ဖြစ်ပြီး ယခုနှစ်အတွက် ခန့်မှန်းခြေပမာဏ ၄၇၀၀၀၀ မတ်ထရစ်တန် (MT) ထက် ၂.၁% တိုးလာမည်ဖြစ်ကြောင်းသိရသည်။ ပြည်တွင်းရောင်းလိုအားထက် ဝယ်လိုအား က ဆက်လက်မြင့်တက်နေသောကြောင့် ဖိလစ်ပိုင်နိုင်ငံ၏ ကြက်သားတင်သွင်းမှု အနည်းငယ်တိုးတက်လာသည်ဟု USDA က ဆိုသည်။ အမေရိကန်အေဂျင်စီ၏ အဆိုအရ Malarcanang ၏ အမှုဆောင်အမိန့်အမှတ် ၆၂ သည် ကုန်သွယ်မှုချောမွေ့စေပြီး ကြက်သားအပါအဝင် စိုက်ပျိုးရေးထွက်ကုန်များထောက်ပံ့မှုကို တိုးမြှင့်ပေးကာ ခိုင်မာသောဈေးကွက်ဝယ်လိုအားကို ဖြည့်ဆည်းပေးနိုင်ရန် မျှော်မှန်းထားခြင်းဖြစ်သည်။ ပြီးခဲ့သည့် ဇွန်လကထုတ်ပြန်ခဲ့သော အဆိုပါ အမိန့်တွင် စက်ပိုင်းဆိုင်ရာချေဖျက်ထား‌သော ကြက်သားများအား တင်သွင်းခွန်၅% အား ၂၀၂၈ ခုနှစ်အထိ ထားရှိမည်ဖြစ်သည်။ ၂၅၅.၃၈ သန်းကီလိုဂရမ်တင်သွင်းခဲ့ရာ ၂၀၂၃ ခုနှစ်ကထက် ၂.၄% မြင့်တက်လာကြောင်း တိရိစ္ဆာန်စက်မှုလုပ်ငန်းဗျူရို(BAI) ၏ အချက်အလက်များအရ သိရှိရပါ။

DOCA(ရန်ကုန်)