Main menu

မော်လမြိုင် ဘိလပ်မြေ၊ ဓာတ်မြေဩဇာနှင့်ပိုးသတ်ဆေးဈေးနှုန်းဈေးကွက်အခြေအနေ

Powered by Drupal

          မော်လမြိုင်မြို့၌ အောက်တိုဘာလ ၈ ရက်နေ့တွင် ဘိလပ်မြေဈေးကွက်မှာ အရောင်းအဝယ်ပုံမှန်ရှိနေပြီး ဈေးနှုန်းတည်ငြိမ်နေကြောင်းသိရှိရသည်။ ဈေးကွက်ထဲအရောင်းအဝယ်ပုံမှန် ဖြစ်နေသောဈေးမှာ ကြံ့နှစ်ကောင်(အနီ)တစ်အိတ်လျှင် ကျပ် ၁၂၃၀၀၊ ကြံ့တံဆိပ် (အပြာ) တစ်အိတ် လျှင် ကျပ် ၁၂၂၀၀၊ ကြံ့တံဆိပ်(အဝါ) တစ်အိတ်လျှင် ကျပ် ၁၂၄၀၀၊ ဖြင့်အရောင်းအဝယ်ဖြစ်နေပြီး၊ မော်လမြိုင်မြို့၌ဓါတ်မြေဩဇာနှင့် ပိုးသတ်ဆေးဈေးနှုန်းမှာအရောင်းအဝယ်ပုံမှန်ရှိနေပြီး ဈေးနှုန်းတည်ငြိမ်နေကြောင်းသိရှိရသည်။

        အောက်တိုဘာလ ၈ ရက်နေ့တွင် ကွန်ပေါင်း (မြန်မာ့ဩဘာ ရွှေကောမက်) ၁၅:၁၅:၁၅ 50kg ပါ တစ်အိတ်မှာ ကျပ် ၁၆၂၀၀၀၊ကွန်ပေါင်း ၂၀:၁၂:၁၂ 50kg ပါတစ်အိတ်မှာ ကျပ် ၁၇၀၀၀၀၊ ကွန်ပေါင်း(Thai Grow How) ၁၅:၁၅:၁၅ 50kg ပါတစ်အိတ်မှာ ကျပ် ၂၃၅၀၀၀၊ ပုလဲ(အသေး) ၄၆%  မြန်မာ (MPE) 50kg ပါတစ်အိတ် မှာ ကျပ် ၇၈၀၀၀၊ ပုလဲ(အကြီး) ၄၆% ထိုင်း(မြင်းပျံ) 50kg ပါတစ်အိတ်မှာ ကျပ် ၁၂၈၀၀၀၊ပုလဲအသေး တရုပ်(ရွှေတောာင်) 50kg ပါတစ်အိတ်မှာ ကျပ် ၇၉၅၀၀၊တီစူပါ(တရုတ်)သံကွင်း 50kg ပါတစ်အိတ် မှာ ကျပ် ၁၄၀၀၀၀၊ ပိုသတ်ဆေးအမျိုးအစားဖြစ်သည့် မာလာမြိုင်ဆိုက်ပါ ၁၀% (သီးရွက်စုံ) 100cc တစ်ပုလင်းမှာ ကျပ်(၅၆၀၀)  မာလာမြိုင်ဆိုက်ပါ ၁၀%(သီးရွက်စုံ) 500cc တစ်ပုလင်းမှာ ကျပ် (၂၀၅၀၀)  ဖြင့် အရောင်းအဝယ် ဖြစ်နေကြောင်းသိရှိရပါသည်။

DOCA(မွန်)