Main menu

ဖောင်းပြင်မြို့နယ်၊ ကျွန်းရွှေဝါရပ်ကွက်ရှိ အမှတ် - ၈၇ မူလွန်ကျောင်းတွင် စားသုံးသူအသိပညာပေးဟောပြော

Powered by Drupal

           ၂၀၂၄ခုနှစ်၊ အောက်တိုဘာလ ( ၇ ) ရက်နေ့၊ နံနက်(၁၀:၃၀)နာရီအချိန်တွင်  ဖောင်းပြင်မြို့နယ်၊ ကျွန်းရွှေဝါရပ်ကွက်ရှိ အမှတ် - ၈၇  မူလွန်ကျောင်းသို့ စားသုံးသူအသိပညာများဟောပြောခဲ့ပါသည်။ အဆိုပါဟောပြောပွဲသို့  ဆရာ/မ ( ၃၀ )ဦး၊ ကျောင်းသား/သူ (၁၀၀)ဦး၊ ပေါင်း(၁၃၀)ဦးတက်ရောက်ခဲ့ပါသည်။

             အဆိုပါ ဟောပြောပွဲ၌ ဖောင်းပြင်မြို့နယ်၊ ကျွန်းရွှေဝါရပ်ကွက်ရှိ အမှတ်(၈၇)၊ မူလွန်ကျောင်းမှ ကျောင်းအုပ်ဆရာကြီး ဦးဇော်ဝင်းလှိုင်က  အဖွင့်အမှာစကားပြောကြားခဲ့ပြီး ဖောင်းပြင်မြို့နယ်တာဝန်ခံ၊ စားသုံးသူရေးရာဦဂစီးဌာနမှ ဦးကျော်သန်းစိန်( ဒု-ဦးစီးမှူး )က စားသုံးသူရေးရာဌာန၏လုပ်ငန်းတာဝန်များ၊ အစားအသောက်ထုတ်ကုန်များနှင့်ပတ်သက်၍ ကုန်အညွှန်းအမှတ်အသားဆိုင်ရာအကြောင်းအရာများကို အသိပညာပေးဟောပြောခဲ့ပြီး ကျောင်းသား/ သူများအနေဖြင့် ခေတ်မီတိုးတက်လာမှုနှင့်အညီ နည်းပညာများကို ဆိုရှယ်မီဒီယာများတွင် လေ့လာသင်ယူ၍ရသော်လည်း မလိုလားအပ်သည့် အတုယူအမှားများကို နားမယောင်ဘဲ မိမိတို့ဘဝတိုးတက်စေရေးအတွက်သာ လေ့လာသင်ယူနိုင်စေရေး ဟောပြောခဲ့ပြီး နံနက် (၁၁:၀၀ ) နာရီအချိန်တွင် ဟောပြောပွဲအခမ်းအနားအောင်မြင်စွာပြီးဆုံးခဲ့ကြောင်း သတင်းရရှိရပါသည်။

DOCA(စစ်ကိုင်း)