Main menu

ရက်ကန်းလုပ်ငန်းရှင်အား တွေ့ဆုံဆွေးနွေး

Powered by Drupal

        စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ရွှေဘိုခရိုင်ဦးစီးမှူးရုံးအနေဖြင့် စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောပွဲများ၊  စီးပွားရေးလုပ်ငန်းရှင်များအားတွေ့ဆုံပြီး ဥပဒေ၊ အမိန့်နှင့်ညွှန်ကြားချက်များအား ရှင်းလင်းဆွေးနွေးခြင်းနှင့် ကုန်အညွှန်းအမှတ်အသားများပြည့်စုံစွာထည့်သွင်းဖော်ပြရေးအတွက် တွေ့ဆုံဆွေးနွေးခြင်းများကို လစဉ်ဆောင်ရွက်လျက်ရှိရာ (၇-၁၀-၂၀၂၄)ရက်နေ့၊  နံနက်(၁၀:၃၀)နာရီအချိန်တွင် ရွှေဘိုခရိုင်စားသုံးသူရေးရာဦးစီးဌာနမှ ခရိုင်ဦးစီးမှူး၊ ရွှေဘိုမြို့နယ်တာဝန်ခံနှင့် သတင်းအချက်အလက်နည်းပညာနှင့် အရည်အသွေးစီမံခန့်ခွဲရေးဌာနခွဲတာဝန်ခံတို့သည် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ခရိုင်ဦးစီးမှူးနှင့်ပူးပေါင်း၍ ရွှေဘိုမြို့၊ အမှတ်(၉)ရပ်ကွက်ရှိ စက်ရက်ကန်း၊ လက်ရက်ကန်းလုပ်ငန်းရှင်အား တွေ့ဆုံဆွေးနွေးခဲ့ပါသည်။

       ထိုသို့တွေ့ဆုံရာတွင် ရွှေဘိုခရိုင်စားသုံးသူရေးရာဦးစီးဌာနမှ ခရိုင်ဦးစီးမှူးက စက်ရက်ကန်းနှင့် လက်ရက်ကန်းစင်များတွင်အသုံးပြုသည့် ချည်အမျိုးအစား၊ ဝယ်ယူရသည့်ဈေးနှုန်းနှင့် အထည်ပြန်လည်ဖြန့်ဖြူးရောင်းချသည့် အခြေအနေများကိုမေးမြန်းဆွေးနွေးခဲ့ပြီး ဌာန၏ဆောင်ရွက်နေသောလုပ်ငန်းများ ကြောင်း၊ စားသုံးသူကာကွယ်ရေးဥပဒေပါ စားသုံးသူအခွင့်အရေးနှင့်တာဝန်များ၊ စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များ၊ စားသုံးသူများသာမက စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ဌာန၏ဆောင်ရွက်နေသော လုပ်ငန်းများကိုသိရှိလိုပါက ရုံးဖွင့်ရက် ရုံးချိန်အတွင်း Consumer Call Center No 1535 သို့ ဆက်သွယ်မေးမြန်းနိုင်သည့်အကြောင်းများ၊ အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်းမှတ်ပုံတင်လက်မှတ်လျှောက်ထားခြင်းနှင့်ပတ်သက်၍ သိကောင်းစရာများကိုအသိပညာပေးဆွေးနွေးခဲ့ပြီး စားသုံးသူကာကွယ်ရေးအသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)