Main menu

ပြည်မြို့ရှိ‌ဂေါ်ဖီထုပ်ဈေးကွက်

Powered by Drupal

         ဂေါ်ဖီထုပ်များ ပြည်မြို့ရှိ‌ ဈေးကွက်အတွင်းသို့ ဝင်ရောက်ရာတွင် ရွှေတောင်မြို့နယ်မှ ဝင်ရောက်လာခြင်းများရှိသကဲ့သို့ ရှမ်းပြည်နယ်ဘက်မှလည်း ဝင်ရောက်လာကြကြောင်းသိရှိရပါသည်။ ဂေါ်ဖီထုပ်ကို ရှမ်းပြည်နယ်ဘက်တွင် တစ်နှစ်ပတ်လုံးစိုက်ပျိုးပြီး မြေပြန့်ဒေသများ၌ ဆောင်းရာသီတွင် စိုက်ပျိုးကြပါသည်။ ဂေါ်ဖီထုပ်အပင်များကို စတင်စိုက်ပျိုးပြီး ရက်ပေါင်း(၉၀)မှ (၁၀၀)အတွင်း စတင်ထွက်ရှိပြီး တစ်ဧကလျှင် ဂေါ်ဖီအထုပ်ပေါင်း (၁၀၀၀)ခန့် ထွက်ရှိကြောင်းသိရှိရပါသည်။ ပြည်ခရိုင်မှထွက်ရှိသော ‌ဂေါ်ဖီထုပ်များသည် ရွှေတောင်မြို့နယ်ရှိ ကျီးသဲနှင့် မြို့မကျေးရွာများတွင် အများဆုံးစိုက်ပျိုးကြပါသည်။ ဈေးကွက်အတွင်းရောင်းချနေသော ဂေါ်ဖီထုပ်ဈေးနှုန်းမှာ တစ်ထုပ်လျှင် (၃၀၀၀)ကျပ်မှ (၅၀၀၀)ကျပ်အထိရောင်းချကြောင်းသိရှိရပါသည်။ ယခင်လများတွင် ဂေါ်ဖီထုပ်ဈေးနှုန်းမှာ (၁၀၀၀)ကျပ်မှ (၁၂၀၀)ကျပ်ဖြင့်ရောင်းချခဲ့ပြီး ယခုလတွင် မိုးများအဆက်မပြတ်ရွာသွန်းခဲ့သောကြောင့် လမ်းပန်းဆက်သွယ်ရေးအခက်အခဲရှိပြီး သယ်ယူသောကားများမှာ အစီးရေအနည်းငယ်သာထွက်ရှိသောကြောင့် ရန်ကုန်မြို့ရှိ ကုန်စိမ်းဈေးများသို့ ကားအဝင်နည်းကာ ‌ဂေါ်ဖီထုပ်ဈေးမြင့်တက်ရခြင်းဖြစ်ကြောင်းသိရှိရပါသည်။

DOCA(ပဲခူး)