Main menu

ဘင်္ဂလားဒေ့ရှ်နိုင်ငံ၌ သကြားတင်သွင်းမှုအပေါ် အခွန်လျှော့ချ

Powered by Drupal

    ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် သကြားဈေးနှုန်းများ မြင့်တက်နေမှုကို လျှော့ချနိုင်ရန်အတွက် အမျိုးသားအခွန်ကြီးကြပ်မှုဘုတ်အဖွဲ့သည် သကြားတင်သွင်းမှုအပေါ် လက်ရှိကောက်ခံလျက်ရှိ သော သွင်းကုန်အခွန် ၃၀ ရာခိုင်နှုန်းမှ တစ်ဝက်လျှော့ချ၍ ၁၅ ရာခိုင်နှုန်းသာ စည်းကြပ်မည်ဖြစ်ကြောင်း အောက်တိုဘာ ၉ ရက်နေ့၌ ကြေညာချက်ထုတ်ပြန်ခဲ့သည်။

    ထိုသို့ အခွန်နှုန်းထားလျှော့ချခြင်းကြောင့် သကြားကုန်ကြမ်းတင်သွင်းမှု ကုန်ကျစရိတ်မှာ ၁ ကီလိုဂရမ်ပေါ်တွင် တာကာငွေ ၁၁.၁၈ နှုန်းနှင့် သန့်စင်ပြီး သကြားကုန်ချော တင်သွင်းမှုအတွက် ၁ ကီလိုဂရမ်ပေါ်တွင် ၁၄.၂၆ တာကာနှုန်း လျော့နည်းသက်သာမှု ရရှိစေမည်ဖြစ်သည်ဟု အဆိုပါ ကြေညာချက်တွင် ဖော်ပြထားသည်။ အခွန်ကြီးကြပ်မှုဘုတ်အဖွဲ့သည် အကောက်ခွန်နှုန်းထား လျှော့ချမှု အချိုးအစားအလိုက် သကြားဈေးနှုန်းများ ကျဆင်းလာမည်ဟု ခန့်မှန်းထားပြီး ယခုလုပ်ဆောင်ချက်က သကြားမှောင်ခိုတင်သွင်းရောင်းဝယ်မှုကိုလည်း လျော့ကျစေမည်ဟု မျှော်လင့်ထားသည်။

     ဘင်္ဂလားဒေ့ရှ်ကုန်သွယ်ရေးကော်ပိုရေးရှင်း၏ အချက်အလက်များအရ ဒါကာမြို့တော်တွင် သကြားလက်လီဈေးနှုန်းများသည် လွန်ခဲ့သော ၁ လ ကာလအတွင်း  ၂ ရာခိုင်နှုန်း မြင့်တက်လာခဲ့ ပြီး ၁ ကီလိုဂရမ်လျှင် တာကာငွေ ၁၂၅ မှ ၁၃၅ နှုန်းထားအတွင်း ရောင်းချလျက်ရှိကြောင်း  သိရှိရသည်။

Source: The Daily Star, 9 Oct 2024(လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)